Part [39]

3.2K 146 5
                                    

Unicode

"မှူးလွန်းထက်ပိုင် ခင်ဗျားက မနာလိုဝန်တိုတတ်တဲ့ လူယုတ်မာပဲ"

ရှေးနှောင်းဆက်သည် အခန်းတံခါးအားပိတ်ရပ်နေသည့် မှူးလွန်းထက်ပိုင်အားဆွဲဖယ်နေပေမယ့် ထိုလူကတော့ တစ်လက်မတောင်မရွေ့ပေ။

"ခင်ဗျားအခုမဖယ်ရင် ကျွန်တော့်အဆိုးမဆိုနဲ့နော်"

မှူးလွန်းထက်ပိုင်ကတော့ အရေးမစိုက်သလို ပုခုံးတွန့်ပြလေသည်။

ရှေးနှောင်းဆက်ဒေါသထွက်ကာ မှူးလွန်းထက်ပိုင်ရင်ဘတ်အား ထုရိုက်လိုက်ပေမယ့် ထိုလူကတော့ ဘာမှမဖြစ်သလိုပင်။

"ခင်ဗျားက အသည်းနှလုံးမရှိတာပဲ...အဲ့ကလေးတွေက ခင်ဗျားသားတွေနော်"

"သူတို့အရွယ်ရောက်ပြီလေ...အဲ့တော့ အခန်းခွဲနေသင့်ပြီ"

"ဘာကိုအရွယ်ရောက်တာလဲ!...အခုမှ ၄၅ရက်သားတွေပဲရှိသေးတာကို!!"

ရှေးနှောင်းဆက် စိတ်တိုလွန်း၍ အသက်ရှူတွေပင်မြန်လာရသည်။

မှူးလွန်းထက်ပိုင်သည် သူ့အားအသိမပေးဘဲ သားနှစ်ယောက်ကို ဘေးအခန်းသို့ပြောင်းစေသည်။

၄၅ရက်သာရှိသေးသည့် သားနှစ်ယောက်အား အသည်းနှလုံးမရှိစွာ သူနဲ့ခွဲဖို့ကြိုးစားနေသည်။

"နှောင်း အနောက်နိုင်ငံတွေမှာဆို သူတို့ကလေးတွေကို အခုလိုပဲ အခန်းခွဲထားတာ"

"အနောက်နိုင်ငံတွေ အရှေ့နိုင်ငံတွေမသိဘူး...ဒါမြန်မာပြည်...!"

ပြောရင်းမှ ရှေးနှောင်းဆက်သည် မှူးလွန်းထက်ပိုင်အား တွန်းဖယ်ကာ အခန်းတံခါးဖွင့်မည်အလုပ် မှူးလွန်းထက်ပိုင်သည် သူ့ခါးမှနေပွေ့ချီလာသည်။

"ဘာလုပ်တာလဲ!...အခုချပေး!!"

မှူးလွန်းထက်ပိုင်ကတော့ သူ့စကားအားအရေးမလုပ်ဘဲ သူ့အားခုတင်ပေါ်သို့တင်ကာ အပေါ်မှအုပ်မိုးလာသည်။

"နှောင်း ကိုယ်အကြာကြီးစောင့်ပြီးပြီလေ"

"ကျွန်တော်ပြောပြီးပြီလေ ကျွန်တော့်ဗိုက်ကနာနေသေးတယ်လို့..."

I Fell In Love With My Husband(Completed)Where stories live. Discover now