Part [38]

2.9K 161 0
                                    

Unicode

နောက်တစ်နေ့မနက်တွင်တော့ မှူးလွန်းထက်ပိုင်နှင့် ဒယ်ဒီသည် ဆေးရုံသို့ အစောကြီးရောက်လာခဲ့သည်။

သူရောက်သည့်အချိန်တွင် ရှေးနှောင်းဆက်သည် ပုံမှန်အခန်းသို့ရွှေ့ပြောင်းပြီးဖြစ်သည်။

မှူးလွန်းထက်ပိုင် အခန်းထဲဝင်လိုက်သည်နှင့် အခန်းထဲမှ ကလေးချော့မြူနေသံများအားကြားရလေသည်။

"အိုး ကြည့်ပါဦး ချစ်စရာလေးတွေဆိုတာ...အရမ်းချစ်ဖို့ကောင်းကြတာပဲ"

"ကျွန်မလဲ ဒီလိုလေးတွေမွေးရမယ်"

"ဒီလိုလေးတွေမွေးဖို့တဲ့ ရှင့်မှာရည်းစားတောင်ရှိလို့လား"

"အိုး တစ်နေ့ကျရင်တော့ ကျွန်မရဲ့ဖူးစာရှင်လေးပေါ်လာမှာပေါ့"

ရှေးနှောင်းဆက်သည် ခုတင်ထက် တစ်ဝက်လှဲထိုင်နေကာ သူနာပြုမလေးတွေ၏စကားအား ရယ်ပြီးနားထောင်နေလေသည်။

"လူကြီး ဒယ်ဒီ ရောက်လာပြီလား"

သူနာပြုမလေးတွေသည် တံခါးဘက်သို့လှည့်ကြည့်လာပြီးနောက် ပြုံးစိစိလေးတွေဖြစ်သွားကာ ရှေးနှောင်းဆက်အား နှုတ်ဆက်ပြီးနောက် အခန်းထဲမှထွက်သွားကြလေသည်။

သူနာပြုမလေးတွေထွက်သွားပြီးနောက် ဒယ်ဒီသည် ကလေးပုခက်နားသို့အပြေးရောက်လာကာ သူ့မြေးလေးတွေအားကြည့်နေတော့သည်။

မှူးလွန်းထက်ပိုင်ကတော့ ကလေးတွေဘက်တောင်လှည့်မကြည့်ဘဲ သူ့ဆီသို့သာတန်းလာလေသည်။ အနားရောက်သည်နှင့် သူ့အားပွေ့ဖက်လေသည်။

"လူကြီး"

အခန်းထဲတွင် ဒယ်ဒီရှိနေ၍ ရှေးနှောင်းဆက် ရှက်သွားကာ မှူးလွန်းထက်ပိုင်အားတွန်းထုတ်ပေမယ့် မှူးလွန်းထက်ပိုင်ကတော့ သူ့ကိုတင်းကြပ်စွာပင်ဖက်ထားလေသည်။

"ကျွန်တော့်ကို အခုထိစိတ်ပူနေသေးတာလား"

"အင်း"

"စိတ်မပူပါနဲ့တော့ ကျွန်တော်အားလုံးအဆင်ပြေတယ်"

"ကိုယ့်ကြောင့် နှောင်းပင်ပန်းသွားရပြီ"

I Fell In Love With My Husband(Completed)Where stories live. Discover now