Part [29]

3.2K 186 5
                                    

Unicode

လင်းလက်ကြယ်သည် သနပ်ခါးလူးပေးနေသည်အား မျက်လုံးလေးမှိတ်ကာ ငြိမ်ခံနေသည့် ကလေးငယ်လေးအား အသည်းယားစွာ ခေါင်းလေးအား ခပ်ဖွဖွပုတ်မိသည်။

ဘုန်းပြည့်သော်လေးသည် စတွေ့တုန်းကလို ပိန်မနေတော့ဘဲ ပြည့်ဖောင်းလာတာကြောင့် ပါးလေးတွေသည်လည်း ပူတင်းလေးလိုပင် အိဖောင်းနေလေသည်။

ထိုအိဖောင်းနေသည့် ပါးလေးအား သနပ်ခါးလူးပေးနေသည့်သူသည် အသည်းယားစွာ ဆွဲညစ်ချင်စိတ်အား မနည်းထိန်းထားရသည်။

"ပြီးသွားပြီလားဟင်"

မျက်လုံးလေးဖွင့်ကာ ပြောလာသည့်ကလေးငယ်၏အသံသည် အနည်းငယ်အက်ရှနေကာ တိုးနေလေသည်။

"အင်း ပြီးသွားပြီ...ဦးတို့သွားတော့မလား"

"ဟုတ်ကဲ့.. အာ ဟတ်ချိုး!"

ရာသီဥတုအခြေအနေအား ကျင့်သားမရသေးသည့် ကလေးငယ်သည် ရေဆော့တာများသွားသည်နှင့် အအေးမိကာ နှာစေးနေတော့သည်။

"ဘုန်းပြည့်လေးက ဦးစကားကိုမှနားမထောင်တာ အခုတော့နှာစေးနေပြီ...ကဲ ဒီကိုလာ လည်စည်းလေးပတ်ပြီးမှ သွားကြတာပေါ့"

"ဟုတ်ကဲ့"

အေးစိမ့်စိမ့်ဖြစ်နေသည့် ရာသီဥတုကြောင့် ကလေးငယ်အား လုံလုံခြုံခြုံဝတ်ပေးထားပြီး လည်စည်းပဝါလေးအား ထပ်ပြီးတော့ ပတ်ပေးလိုက်သည်။

​ပြီးနောက် အခန်းပြင်သို့ထွက်လိုက်ကာ အပြင်တွင်စောင့်နေသည့် မာန်ထက်အောင်အနားသို့သွားလိုက်သည်။

"ပြီးသွားပြီလား...အဲ့ဒါဆို ကျွန်တော်တို့သွားရအောင်လေ"

မာန်ထက်အောင်သည် ထိုနေ့ကအဖြစ်အပျက်အား မဖြစ်ခဲ့သလို ပုံမှန်ပင်ပြုမူနေခဲ့သည်။ သူကသာ ကိုယ့်ကိုကိုယ် အပြစ်ရှိစိတ်တွေနဲ့ အခုထိ စိတ်မကောင်းဖြစ်နေခဲ့ရသည်။

ထို့ကြောင့်ပင် ထိုကောင်လေးပျော်ရွှင်ဖို့ရာ အနီးအနားသွားလည်ရန် ဆုံးဖြတ်ခဲ့သည်။

အောက်သို့ဆင်းသည့်အချိန်တွင် ထွန်းနောင်သည် သူတို့လည်ဖို့ရာ ဆိုင်ကယ်နှစ်စီးပြင်ပေးထားလေသည်။

I Fell In Love With My Husband(Completed)Where stories live. Discover now