Part [31]

3.5K 212 22
                                    

Unicode

ရှေးနှောင်းဆက်သည် အနည်းငယ် မအီမလည်ဖြစ်နေတာကြောင့် လေကောင်းလေသန့်ရှူရန် ခြံထဲသို့ဆင်းလာခဲ့သည်။

ကလေးတွေ ကျောင်းပိတ်သည့်ကာလဖြစ်တာကြောင့် မြတ်ကိုကိုနှင့် ရှင်မင်းသန့်သည် အားနေကာ သူ့ထံသို့ရောက်လာခဲ့သည်။

ရှေးနှောင်းဆက်သည် ခုံတန်းပေါ်တွင်ထိုင်ကာ ရှင်မင်းသန့်နှင့်မြတ်ကိုကိုကတော့ အောက်ရှိ မြက်ခင်းစိမ်းလေးပေါ်တွင် သက်သောင့်သက်သာထိုင်ချလေသည်။

"အစ်ကိုနှောင်းဆက် အစ်ကို့ကိုကြည့်ရတာ နေမကောင်းသလိုပဲ အဆင်ပြေရဲ့လား"

မြတ်ကိုကိုသည် အနည်းငယ်ဝမ်းနည်းဟန်လေးနှင့်ပြောလာသည်။

"အခုရက်ပိုင်းတော့ အီလည်လည်နဲ့ သိပ်နေလို့မကောင်းဖြစ်နေတာ ဒါပေမယ့် အဆင်ပြေပါတယ်"

"အဲ့လို့လား ဂရုစိုက်ပေါ့ဗျာ...မင်းခန့်တို့တစ်သိုက်ကတော့ ရည်းစားရှိတဲ့လူတွေဆိုတော့ သူတို့က သူတို့ရည်းစားတွေနဲ့ပဲအချိန်ကုန်နေပြီး ကျွန်တော်တို့ဆော့ဖို့ခေါ်တာတောင်မလာတော့ဘူး"

မြတ်ကိုကိုက မကျေမနပ်ဟန်လေးနှင့်ပြောလာသည်။

သူ့စကားကြောင့် ရှင်မင်းသန့်သည် မြတ်ကိုကို၏ လည်ဂုတ်အားဖိကိုင်ကာ ပြန်ပြောလာသည်။

"မင်းရော ရည်းစားတစ်ယောက်လောက်လိုချင်လား လိုချင်ရင် အဝေးကြီးလိုက်ရှာစရာမလိုဘူး မင်းအနားမှာပဲရှိတယ်"

မြတ်ကိုကိုက ချက်ချင်းပင်ငြင်းလာသည်။

"မလိုချင်ပါဘူး ရည်းစားရှိတာအလုပ်ရှုပ်တယ် အချိန်လဲပေးရသလို ငွေလဲကုန်တယ်...စိတ်ရှုပ်စရာကြီး"

ထိုစကားကြောင့် ရှင်မင်းသန့်သည် မပျော်မရွှင်ဖြစ်သွားကာ မြတ်ကိုကို၏လည်ဂုတ်အား အားနှင့်ဖိကိုင်လာတော့သည်။

"အား နာတယ်ကွ မင်းလက်ကြီးဖယ်လိုက်စမ်း"

ရှေးနှောင်းဆက် ထိုကလေးနှစ်ယောက်ကိုကြည့်ပြီးရယ်လိုက်မိသည်။

တစ်ယောက်က ရေလာမြောင်းပေးလုပ်နေပေမယ့် နောက်တစ်ယောက်ကတော့ ဆည်ကျိုးသည်အထိ လျှံကျလာသည့်ရေများကို မမြင်နိုင်လောက်အောင် တုံးအနေလေသည်။

I Fell In Love With My Husband(Completed)Where stories live. Discover now