Part [26]

3.1K 190 11
                                    

Unicode

ရာသီဥတုသည် ဆောင်းဦးနှောင်းပိုင်းရောက်ကာ နွေရာသီအစကို ရောက်လာလေပြီဖြစ်ပေမယ့် နေရာဒေသကြောင့် မြူတွေသည် အနည်းငယ်ရစ်ဆိုင်းနေလေသည်။

မြူကင်းစင်သွားသည့်အချိန်တွင် နေမင်း၏အလင်းရောင်သည် ထွက်ပေါ်လာကာ လောကကြီးအားအလင်းဖြန့်ပေးနေသည်။ ကျေးဌက်ကလေးတွေသည်လည်း နေရောင်ခြည်ဖြာကျလာမှုကြောင့် စတင်၍ သီကျူးကာ အစာရှာထွက်ကြတော့သည်။

ပြတင်းပေါက်မှ ဖြာကျနေသည့် အလင်းရောင်သည် လင်းလက်ကြယ်၏ မျက်နှာအား ထိုးလို့နေလေသည်။

ရွာလေးသည် မနက် ၅ နာရီလောက်မှာပင် သက်ဝင်လှုပ်ရှားနေခဲ့သည်။ ၆ နာရီထိုးသည့်အချိန်တွင်တော့ ရွာလေးရှိ ကလေး လူကြီး အကုန်နိုးကာ ဆူညံသံတို့သည် ထွက်ပေါ်လာခဲ့သည်။

လင်းလက်ကြယ်သည် နေရောင်ထိုးနေတာကြောင့် မျက်မှောင်ကြုံ့ကာ နေရောင်အား ကာရန် နွေးထွေးသည့်နေရာလေးသို့ ခေါင်းကိုတိုးဝင်လိုက်သည်။

မာန်ထက်အောင်သည် ချမ်းစိမ့်နေကာ တုန်ပင်တုန်နေတာကြောင့် အချိန်ကိုက်ဝင်လာသည့် ကိုယ်လေးအား တင်းကျပ်စွာပြန်ပွေ့ဖက်ထားလိုက်သည်။

ခုတင်ပေါ်တွင် အိပ်နေခဲ့သည့် ဘုန်းပြည့်သော်လေးကတော့ မျက်လုံးလေးအား ပွတ်ကာ ထထိုင်လာပြီးနောက် ဘေးဘက်သို့လှည့်ကြည့်မိသည်။ ဘေးဘက်တွင် ဦးဦးကြယ်က မရှိတာကြောင့် အောက်သို့ကြည့်မိချိန်တွင် တစ်ယောက်နှင့်တစ်ယောက် ဖက်ထားကြသည့် လူနှစ်ယောက်ကိုတွေ့လိုက်ရသည်။

ကလေးငယ်သည် ပြုံးလိုက်ကာ လူနှစ်ယောက်အား အချိန်အတော်ကြာအောင် ကြည့်နေပြီး 'ကိုကို့'ကို ဖုန်းဆက်ပြီးပြောရကောင်းမလား စဥ်းစားနေသည်။ အချိန်အတော်ကြာစဥ်းစားပြီးသည့်နောက်တွင်တော့ အစောကြီးရှိသေးတာကြောင့် ဖုန်းဆက်မပြောတော့ပေ။

အပြင်မှ ဆူညံနေသည့်အသံများကြောင့် ဘုန်းပြည့်သော်လေးသည် ပြန်မအိပ်နိုင်ပေ။ ထို့ကြောင့် မဝံ့မရဲနှင့်ပင် အခန်းပြင်သို့ထွက်လာလေသည်။

I Fell In Love With My Husband(Completed)Where stories live. Discover now