Part [27]

3.1K 202 8
                                    

Unicode

"ကျွန်တော် တကယ်ကြီး ခင်ဗျားနဲ့လိုက်ရမှာလား"

ရှေးနှောင်းဆက်သည် ယခုမှ ရေချိုးခန်းထဲမှထွက်လာကာ အဝတ်အစားလဲဖို့ပြင်နေသည့် မှူးလွန်းထက်ပိုင်အနားသို့သွားကာ မေးလိုက်သည်။

"အင်း အဲ့ဒါကြောင့် အဝတ်အစားလဲတော့"

"ဒါပေမယ့် အဲ့ညစာစားပွဲက ကိုထက်သူရဲ့အဖေ စီစဉ်တဲ့ပွဲမလား"

မှူးလွန်းထက်ပိုင်သည် စိုးရိမ်နေဟန်မျက်ဝန်းတို့ဖြင့် သူ့အားကြည့်နေသည့် ကောင်လေး၏ခေါင်းအား ခပ်ဖွဖွပုတ်ပေးပြီးနောက် နဖူးထက် အနမ်းပေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး...ကိုယ်က ကိုယ့်အိမ်သူကိုခေါ်လာတာလေ ဘယ်သူ့ဂရုစိုက်ရမှာလဲ...အန်ကယ်မာန်ထက်မြတ်ဆိုရင်တောင် ကိုယ်ကဂရုမစိုက်ဘူး"

"ခင်ဗျားဂရုမစိုက်ဘူးဆိုတာသိပါတယ်...ဒါပေမယ့် ကိုထက်သူအဖေကတော့ ဂရုစိုက်မှာပဲလေ...သူ့ဆီကနေ ရွံရှာသလိုမျက်လုံးမျိုးတွေနဲ့ ကျွန်တော်ထပ်အကြည့်မခံနိုင်ဘူး"

ရှေးနှောင်းဆက်သည် အမှန်တကယ်တွင် မာန်ထက်သူ၏အဖေအား လုံးဝသဘောမကျပါပေ။ အထက်စီးဆန်ကာ မောက်မာသည့်စရိုက်များသည် ထိုလူကြီး၏မျက်နှာပေါ်တွင်ပေါ်နေကာ လူတိုင်းကိုလဲ ခွဲခြားဆက်ဆံတတ်သေးသည်။

မာန်ထက်သူ၏ မဂ်လာပွဲမှာတင် ထိုလူကြီး၏ မျက်နှာအပြောင်းအလဲကို သူမြင်ခဲ့ပြီးပြီဖြစ်သည်။

မှူးလွန်းထက်ပိုင်အား စကားပြောနေခဲ့စဉ်က ကြည်သာကာ ရွှင်မြူးနေပေမယ့် သူ့အားမိတ်ဆက်ပေးလာသည့်အချိန်တွင်တော့ ပြန်တောင်နှုတ်မဆက်ပဲ ရွံရှာသည့်အကြည့်နှင့်ကြည့်ကာ မြန်မြန်ထွက်သွားခဲ့လေသည်။

လူတစ်ယောက်အား အပုတ္ခ်တာကို သဘောမကျပေမယ့် အဲ့ဒီ့လူကြီးကိုတော့ ခြွင်းချက်ပေ။ လင်းလက်ကြယ်နှင့် မာန်ထက်အောင်၏ အချစ်ရေးအဆင်မပြေရတာကလဲ ထိုလူကြီးကြောင့်ပေ။ သူကတော့ ထိုလူအိုကြီးအား နည်းနည်းလေးတောင် သဘောမကျပါပေ။

"အဲ့ဒါဆို ကိုယ်မသွားတော့ဘူး"

"ကောင်းတယ် မသွားနဲ့!...ကိုထက်သူကို မလာဖြစ်လို့ အားနာတဲ့အကြောင်း ကျွန်တော် ဖုန်းလှမ်းဆက်လိုက်မယ်"

I Fell In Love With My Husband(Completed)Where stories live. Discover now