Part [32]

3.6K 198 20
                                    

Unicode

ဆရာဝန်သည် သူ့ရှေ့က မျက်လုံးအပြူးသားနှင့် ဘာပြောရမှန်းမသိအောင်ကြောင်အနေသည့် လူနှစ်ယောက်ကိုကြည့်ပြီး ချိုသာသည့်အသံနှင့်ပြောလိုက်သည်။

"လူကြီးမင်းတို့ သေချာအောင် အယ်လ်ထရာဆောင်းရိုက်ကြည့်လို့ရပါတယ်"

"ဒေါက်တာ...ကျွန်တော်...မဟုတ်ဘူး...အမွှာ...နှောင်း..."

မှူးလွန်းထက်ပိုင်သည် ဆရာဝန်အား အံ့အားတကြီးနှင့် ထစ်ထစ်ငေါ့ငေါ့ပြောလာသည်။

"ဟုတ်ပါတယ် အမွှာပါ...သေချာအောင်လို့တော့ အယ်လ်ထရာဆောင်း တစ်ခါထဲရိုက်သွားလို့ရပါတယ်"

မှူးလွန်းထက်ပိုင်နှင့် ရှေးနှောင်းဆက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ပြီးနောက် ဆရာဝန်အကြံတိုင်း အယ်လ်ထရာဆောင်းရိုက်ကြည့်လိုက်ကြသည်။

"ဒီမှာ တွေ့တယ်မလား...သန္ဓေသားလေးတွေက အခုမှ နှစ်လပဲရှိသေးလို့ ရုပ်လုံးမပေါ်သေးပေမယ့် ကိုယ်ဝန်ဆောင်လများလာရင်တော့ သေချာလေးပေါ်လာတော့မှာပါ...ပြီးတော့ သန္ဓေသားလေးတွေက ချို့ယွင်းချက်မရှိပဲ အားလုံးက ပုံမှန်ပါပဲ..."

မှူးလွန်းထက်ပိုင်သည် စခရင်တွင်မြင်နေရသည့် ဆဲလ်အစိုင်အခဲသေးသေးလေးနှစ်ခုအား မျက်စိမလွှဲတမ်းကြည့်နေမိသည်။

ရုတ်တရပ် ရင်ထဲထိုးတက်လာသည့် ပျော်ရွှင်မှုတို့သည် အံ့ဩထိတ်လန့်နေမှုတို့အား ကျော်လွန်ကာ 'အဖေ' ဖြစ်ပြီဆိုသည့်အသိက ရင်ထဲအသည်းထဲမှနေ ပျော်ရွှင်လာသည်။

"ကိုယ်ဝန် ဒုတိယ ၃ လကိုရောက်ရင်တော့ ယောကျ်ားလေးလား မိန်းကလေးလားဆိုတာ သိရပါပြီ ပြီးတော့ လူကြီးမင်းတို့သိချင်ရင် due date ကို ပြောပြလို့ရပါတယ်"

"due date က ဘယ်တော့လဲ"

မှူးလွန်းထက်ပိုင်သည် ဆရာဝန်အား မေးလိုက်သည်။

"january လ ဒါမှမဟုတ်ရင် February လအစောပိုင်းလောက်မှာ မွေးနိုင်ပါတယ်"

"ဒေါက်တာ ဒေါက်တာ့စက်က ပျက်နေတာမဟုတ်ဘူးလား"

ရုတ်တရပ်ထွက်လာသည့် ရှေးနှောင်းဆက်စကားကြောင့် ဆရာဝန်ကော မှူးလွန်းထက်ပိုင်ပါကြောင်သွားသည်။

I Fell In Love With My Husband(Completed)Where stories live. Discover now