Part [22]

3.3K 225 8
                                    

Unicode

ရှေးနှောင်းဆက် အိမ်ပြန်ရောက်ချိန်တွင် ည(၈)နာရီပင်ထိုးနေပြီဖြစ်သည်။

မာန်ထက်အောင်နှင့်စကားပြောရင်း အချိန်ကြာသွားကာ နာရီပင်မကြည့်မိလိုက်ပေ။

ရှေးနှောင်းဆက် ခြံထဲဝင်သည့်အချိန်တွင် ပါကင်ထိုးထားသည့် မှူးလွန်းထက်ပိုင်ရဲ့ကားအား တွေ့လိုက်ရတာကြောင့် ထိုသူပြန်ရောက်နေပြီဆိုတာသိလိုက်ရသည်။

အိမ်ထဲဝင်သည့်အချိန်တွင်တော့ ဧည့်ခန်းတွင်ထိုင်နေသည့် မှူးလွန်းထက်ပိုင်အားတွေ့လိုက်ရသည်။

သူအနားလျှောက်သွားတော့ မှူးလွန်းထက်ပိုင်က သူ့အားတွေ့ကာ ထိုင်ရန်အချက်ပြလာတာကြောင့် သူထိုင်လိုက်သည်။

"ဘယ်ကိုသွားခဲ့တာလဲ"

သူမသွားခင် မှူးလွန်းထက်ပိုင်အား 'အပြင်သွားမည်' ဟု မက်ဆေ့ပို့ခဲ့ပေမယ့် ဘယ်ကိုသွားမယ်ဆိုတာကိုတော့ မပြောခဲ့ပေ။

"သူငယ်ချင်းတစ်ယောက်နဲ့သွားတွေ့တာပါ"

မျက်လုံးအကြည့်တွေအား ရှောင်နေသည့် ရှေးနှောင်းဆက်သည် လိမ်သည့်နေရာတွင် မထူးချွန်ပေ။

ကိုယ်ပေါ်ရှိ အနံ့သင်းသင်းလေးသည် ပုံမှန်ရနေကျ ရေမွှေးနံ့လေးမဟုတ်ပါဘဲ အရက်နံ့သဲ့သဲ့ကလေးရနေသည်။

"သူငယ်ချင်းနဲ့ဘယ်မှာတွေ့ခဲ့တာလဲ"

တရားခံစစ်သလိုစစ်နေသည့် မှူးလွန်းထက်ပိုင်သည် သူ့အားမယုံကြည်၍မဟုတ်ပါဘဲ သဝန်တိုနေခြင်းသာဖြစ်သည်ဆိုတာကို သိတာကြောင့် ရှေးနှောင်းဆက် စိတ်မဆိုးမိပေ။

"ဘားမှာတွေ့ခဲ့တာပါ ဒါပေမယ့် ခင်ဗျားယုံပါ ကျွန်တော် လိမ်မော်ရည်ပဲသောက်ခဲ့တာပါ ကျန်တာဘာမှမသောက်ပါဘူး"

"အင်း ကိုယ်သိပါတယ်"

ရှေးနှောင်းဆက် မှူးလွန်းထက်ပိုင်အား သွားတန်းဖြူဖြူကလေးတွေပင်ပေါ်အောင် ရယ်ပြလိုက်သည်။

I Fell In Love With My Husband(Completed)Where stories live. Discover now