Part [24]

3.3K 168 5
                                    

Unicode

Note: (ဒီအပိုင်းမှာတော့ ရှေးနှောင်းဆက်နဲ့ မှူးလွန်းထက်ပိုင်မပါဘဲ လင်းလက်ကြယ်နဲ့မာန်ထက်အောင်အကြောင်းကိုသာ အဓိကရေးထားပါတယ် နောက်အပိုင်းမှာလဲ လင်းလက်ကြယ်တို့ကိုသာ အဓိကရေးပေးသွားမှာဖြစ်တာကြောင့် ရှေးနှောင်းဆက်တို့ကို ခဏတော့ တွေ့ရအုန်းမှာမဟုတ်ပါဘူး...)

မနက်ငါးနာရီတွင်တော့ ခရီးသည်ကားသည် လိုရာခရီးဖြစ်သည့် ပခုက္ကူသို့ရောက်ရှိလာခဲ့သည်။

လင်းလက်ကြယ် သူ့ခရီးဆောင်အိတ်ကိုယူကာ ကားပေါ်မှဆင်းတော့ အနောက်က နှစ်ယောက်ကလည်း လိုက်လာလေသည်။

ကားဂိတ်နားတွင်ရှိသည့် ဆိုင်ကယ်ဂိတ်နားသို့သွားကာ ဆိုင်ကယ်ဌားပြီး 'ယောထိပ်တန်း' အမည်ရှိသည့် ကားလက်မှတ်ရောင်းရာနေရာသို့ သွားခဲ့သည်။

မာန်ထက်အောင်သည်လည်း ဆိုင်ကယ်ဌားပြီး နောက်မှလိုက်လာခဲ့သည်။

ကားလက်မှတ်ရောင်းသည့်နေရာသို့ ရောက်သောအခါ သူ ၇ နာရီထွက်မည့်လက်မှတ်အား ဖြတ်လိုက်သည်။

သူ့အနောက်သို့လိုက်လာနေခဲ့သည့် နှစ်ယောက်ကိုလည်း ဒီတိုင်းပြန်လွှတ်လိုက်၍ မဖြစ်တာကြောင့် ထိုနှစ်ယောက်အတွက်ပါ သူကားလက်မှတ်ဝယ်ပေးလိုက်သည်။

ကားသည် မနက် ၇ နာရီမှစထွက်မည်ဖြစ်တာကြောင့် အချိန်သည် နှစ်နာရီနီးပါးလောက် စောင့်ရဦးမည်ဖြစ်သည်။

ထို့ကြောင့် သူအနီးအနားရှိ ဧည့်ရိပ်သာတစ်ခုသို့သွားကာ အခန်းဌားလိုက်သည်။

ဧည့်ရိပ်သာခန်းသည် ခရီးတစ်ထောက် အနားယူကာ အိပ်စက်သည့် အခန်းဖြစ်ကာ လူငါးယောက်လောက်ပင်အိပ်နိုင်လေသည်။

ထိုငါးယောက်အခန်းအား ဌားကာ သူသည် တစ်ရေးတစ်မောအိပ်ရန် ခုတင်ပေါ်လှဲလိုက်တော့သည်။

မာန်ထက်အောင်နှင့် ဘုန်းပြည့်သော် ဘယ်လိုနေမလဲဆိုတာ သူမစဥ်းစားနိုင်တော့ပေ။ ကားပေါ်မှာ အိပ်ရတာ သက်သောင့်သက်သာမဖြစ်တာကြောင့် တစ်နာရီရရ နှစ်နာရီရရ သူအိပ်ဖို့ရန်သာ စိတ်စောနေသည်။

I Fell In Love With My Husband(Completed)Where stories live. Discover now