Part [30]

3.4K 196 11
                                    

Unicode

လင်းလက်ကြယ်သည် အတွေးများကာ အိပ်မရဘဲ ခုတင်ပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်လုပ်နေသည်။

မနက်က မာန်ထက်သူနှင့်ဖုန်းပြောစဥ်က အကြောင်းများတွေးနေမိပြီး သူအိပ်မရဖြစ်နေခဲ့သည်။

သူလှိမ့်နေတာကြောင့် ဘုန်းပြည့်သော်လေးသည် အင်း၊အဲသံပြုလာသည်။ ထို့ကြောင့် ဘုန်းပြည့်သော်လေးကို မနှိုးမိအောင် သူခုတင်ပေါ်မှဆင်းကာ အခန်းပြင်ထွက်ပြီးနောက် အိမ်အောက်ရှိ ကွပ်ပစ်ပေါ်တွင်ထိုင်နေလိုက်သည်။

ရုတ်တရပ် ပါးစပ်မှ လိုချင်တောင့်တလာမှုကြောင့် လင်းလက်ကြယ်သည် ဆေးလိပ်အားထုတ်ကာ တစ်လိပ်လောက်သောက်ဖို့ဆုံးဖြတ်လိုက်သည်။

တစ်လိပ်သာသောက်မည်ဟုဆုံးဖြတ်ထားပေမယ့် သူမသိလိုက်ခင်မှာပင် နှစ်လိပ်ကုန်သွားလေပြီဖြစ်သည်။

ပါးစပ်မှ အာသာမပြေသေးဘဲ လိုချင်နေသေးတာကြောင့် သူနောက်တစ်လိပ်ထုတ်ကာ မီးညှိပြီး သောက်ဖို့ပြင်စဥ်မှာပင် အိမ်ပေါ်မှဆင်းလာသည့် မာန်ထက်အောင်ကြောင့် ဆေးလိပ်မီးအား ဖိသတ်ကာ ဝေးဝေးသို့လွှင့်ပစ်လိုက်မိသည်။

"အစ်ကို"

"မင်းမအိပ်သေးဘဲ ဘာလို့ဆင်းလာတာလဲ"

မာန်ထက်အောင်သည် သူ့ခြေရင်းရှိ ဆေးလိပ်တိုနှစ်ခုအားကြည့်ပြီးနောက် သူ့အားပြန်ကြည့်လာသည်။

"အစ်ကို ဆေးလိပ်သောက်တတ်တာလား"

"အရင်တုန်းကပါ ဖြတ်ထားတာကြာပြီ"

"ဒါဆို အခုဘာလို့ပြန်သောက်နေတာလဲ ကျွန်တော့်ကြောင့်လား"

လင်းလက်ကြယ် ဘာပြန်ပြောရမှန်းမသိပေ။ အမှန်ပင် မာန်ထက်အောင်ကြောင့်ဖြစ်သည်။ ဖြတ်ထားခဲ့တာကြာပြီဖြစ်သည့် ဆေးလိပ်အား လွန်ခဲ့သည့်လပိုင်းလောက်က ပြန်ကာစသောက်ခဲ့သည်။ အဓိကတရားခံမှာ မာန်ထက်အောင်ဖြစ်ပေမယ့် ထိုကောင်လေးစိတ်မကောင်းဖြစ်သွားမှာစိုးတာကြောင့် သူခေါင်းခါကာ ပြောလိုက်သည်။

"မင်းကြောင့်မဟုတ်ပါဘူး"

"အစ်ကို"

"....."

I Fell In Love With My Husband(Completed)Where stories live. Discover now