စာစဉ် ၂၂ (၁-၃၀)
3.1K 337 16
**စာစဉ် ၂၂၊ အခန်း ၁။  သုံးကြိမ်မြောက် တွေ့ဆုံခြင်းနှင့် သုံးခါမြောက် အချစ်မှာနစ်မျောခြင်း(1)**
သူမ စကားအဆုံးတစ်ခုခုကိုစဉ်းစားနေပုံရတဲ့ ဂူယူရှန်းကတိတ်ဆိတ်သွားတာမို့ ချင်းကျီအိုက်လည်း စကားထပ်ပြောရင်း တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တော့သည် ။
“ဘာလို့ရှင်ကရော ဆေးရုံမှာရှိနေတာလဲ”
မေးလိုက်ပြီးမှ ဂူယူရှန်းကို သေချာသတိထားမိတော့
နေသိပ်မကောင်းပုံပင်မို့ ထပ်မေးဖို့ ပြင်တော့
ဂူယူရှန်းဆီက စကားသံထွက်လာတော့သည် ။
“သူငယ်ချင်းဆီ လာလည်တာ”
“အဲ့လိုကိုး”
နိုင်ငံခြားမှာကျောင်းတက်ဖို့ ပြင်ဆင်နေတဲ့ ချင်းကျီအိုက် အကြောင်းကို ဂူယူရှန်းသိထားတာမို့ အဲ့ဒီအကြောင်းပဲမေးလိုက်တော့သည် ။
“ကျောင်းသွားတက်ဖို့က အကုန်အဆင်သင့်ဖြစ်နေပြီလား”
“ဗီဇာစောင့်နေတာပါ နောက်အပတ် တနင်္လာနေ့လောက် ဗီဇာရမယ်ထင်တယ်”
“အော် ...ဘယ်နေ့သွားမှာလဲ”
“၂၉ရက်နေ့”
ဒီနေ့က ၂၀ရက်ပေမို့ ၁၀ရက်လောက်သာ ကျန်တော့သည် ။
“နီးနေပြီပဲ ၁၀ ရက်ပဲလိုတော့တယ်..ဒါနဲ့ ကျောင်းက မတ်လ ၁၀ရက်နေ့မှ စမှာလို့ပြောခဲ့တာ မဟုတ်ဘူးလား ဘာလို့အစောကြီးသွားတာလဲ”
“ပါမောက္ခက စောစောသွားပြီး နေသားကျအောင်ပြင်ဆင်ထားဖို့ ပြောလို့ပါ”
“အော်”
ပြောစရာရှိတော့ပုံမပေါ်တဲ့ ဂူယူရှန်းကို ချင်းကျီအိုက်လည်း နှုတ်ဆက်မည်အပြု ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်တော့
ကျီယမ်က ဟန်ကျိုးကိုပြန်ရောက်ပြီဖြစ်ကြောင်း လှမ်းပြောခြင်းပင် ။ သူမလည်း မှာစရာရှိတာမှာပြီး ဖုန်းချလိုက်တော့သည် ...
ဂူယူရှန်းကတော့ သူမ ဖုန်းပြောနေတာဘယ်သူမှန်းမသိပဲ နူးနူးညံ့ညံ့ပြောနေတဲ့သူမ စကားသံတို့ကြောင့်