စာစဉ် ၂၃ (၁-၃၀)
3.9K 374 26
**စာစဉ် ၂၃၊ အခန်း ၁။ ပြဿနာအိုးလေး ကိုယ်မင်းကိုချစ်တယ် (11)**
ကားမောင်းထွက်သွားစဉ် ကျန်နေခဲ့တဲ့ ဂူယူရှန်းပုံရိပ်ကို နောက်ကြည့်မှန်ကနေ ချင်းကျီအိုက်ကြည့်နေမိပြီး တဖြေးဖြေး‌ဝေးကွာသွားကြတဲ့အခါ ချင်းကျီအိုက် မထိန်းနိုင်တော့ပဲ ပါးစပ်ကိုခပ်တင်းတင်းပိတ်ကာ ငိုချလိုက်ပါတော့၏.....
ချင်းကျီအိုက်စီးသွားတဲ့တက္ကစီ အမြင်အာရုံထဲက ပျောက်ကွယ်သွားတဲ့အခါမှာတော့ ဂူယူရှန်း ဆေးလိပ်ကိုထုတ်ပြီး မီးညှိစဉ် တုန်ရီနေခဲ့တဲ့လက်ကြောင့် မီးညှိဖို့ကို အတော်ကြိုးစားလိုက်ရသည် ...
လေတစ်ချက်အ‌ဝှေ့ ဆေးလိပ်မီးခိုးငွေ့က သူ့မျက်နှာရှေ့ ဖုံးအုပ်သွားစဉ် ဂူယူရှန်းမျက်လုံးတို့ ရဲတက်လာခဲ့တော့သည် ။
သူ့အနောက်က ကော်ဖီဆိုင်အတွင်းထဲကနေ ထွက်ပေါ်လာတဲ့ သီချင်းသံခပ်အေးအေးကလည်းအချိန်ကိုက် ဂူယူရှန်းနားထဲ တိုးဝင်လာလေသည် ....
........ကိုယ့်ဘ၀ရဲ့အကောင်းဆုံးအမှတ်တရက မင်းနဲ့တွေ့ဆုံခဲ့ခြင်းပါပဲ..........
သူမနဲ့ပထမဆုံးတွေ့ဆုံခဲ့တဲ့ အချိန်က အထက်တန်းကျောင်းတုန်းကပင် ။
“အစ်ကိုရှန်း ဒါက ကျွန်တော့်ကောင်မလေးရဲ့ သူငယ်ချင်း ချင်းကျီအိုက်တဲ့”
………မင်းကသူစိမ်းလို့ဆိုပေမဲ့ ကိုယ်ကတော့မင်းကိုမြင်တိုင်း ရင်းနှီးနေတယ်........
ပျံ့လွင့်နေတဲ့ သီချင်းစာသားတို့က ဂူယူရှန်းအတိတ်ကိုပြန်သတိရစေသည် ....
လွန်ခဲ့တဲ့ ၂နှစ်နွေရာသီ အိမ်အ၀င်ဝမှာ မျက်လုံးချင်းဆုံခဲ့မိတဲ့အချိန်က စလို့ သူမက ဂူယူရှန်းနှလုံးသားထဲ ကိန်းအောင်းနေခဲ့သည် .....
.........ကိုယ်တို့အတူ လေထုတစ်ခုတည်းကို ရှုရှိုက်နေရတယ်ဆိုတဲ့အသိနဲ့တောင်ကျေနပ်ရပါရဲ့ .....
သူမလက်ကို ဆွဲထားခဲ့မိတဲ့ လက်ဖ၀ါးတစ်စုံကို ဂူယူရှန်းငုံ့ကြည့်မိတဲ့အခါ သူမ လက်တို့က ရှိမနေတော့ ။
......ကိုယ်တို့ ဘ၀တွေခြားနေရင်တောင် မင်းမျက်ဝန်းတွေကို မှတ်မိနိုင်ပါရဲ့........