Intro

57.4K 1.7K 3
                                    

Unicode
.................

ကျွန်တော့် ဘဝမှာ အရာရာဟာ အဆင်ပြေမနေဘူးဗျ။ဘယ်ကစပြောရမလဲဆိုရင် ကျွန်တော် ၉နှစ် အရွယ်လောက်ကပဲ။

အဲ့မတိုင်ခင်ကတော့ သူများတွေလိုတန်းတူ ပျော်ရွှင်ခဲ့ရတယ်။ မူလတန်းပထမနှစ်လည်းပီးရော မိုးနတ်မင်းကြီးက ကျွန်တော့် ပျော်ရွင်မှုတွေကို ယူဆောင်သွားခဲ့တယ်။

ကျွန်တော့် မိဘတွေ ကားအက်ဆီ့ဒင့် ဖြစ်ပီး ဆုံးသွားခဲ့တယ်။ ကျွန်တော် မှတ်မိသေးတယ်ဗျ....အဲ့နေ့က ​ ဖေဖေနဲ့ မေမေရဲ့ နောက်ဆုံးအပြုံးလေး ကျွန်တော် ကျောင်းမသွားခင် နှုတ်ဆက်ခဲ့သေးတယ်။

မိဘဆုံးတော့ ကျွန်တော် ဦးလေးဆီမှာ ကပ်နေဖြစ်သေးတယ်။ ဒါပေမဲ့ ဘယ်လိုပြောရမလဲ အများအမြင်ကနေကြည့်ရင်တော့ တူလေးကို သိပ်ချစ်တာပေါ့လေ။ ဒါပေမဲ့ မိဘတွေ ဈာပနအပီးမှာပဲ သူ့အကြွေးရှင်တွေဆီ ရောင်းစားဖို့ကြံလို့ ကျွန်တော် ခြေဦးတည့်ရာ ထွက်ပြေးလာခဲ့ရတယ်။

ဒီလိုနဲ့ လမ်းမှာတွေ့တဲ့ အဒေါ်ကြီး တစ်ယောက်က ကျွန်တော့ကို '​အေးရိမ်မြုံ' ဆိုတဲ့ မိဘမဲ့ဂေဟာကို ပို့ပေးခဲ့တယ်။ အဲ့မိဘမဲ့ဂေဟာက မူလတန်းထိပဲ စာသင်ပေးတာ...အလယ်တန်းနဲ့ အထက်တန်းကိုတော့ အများနည်းတူ ကျောင်းမှာတက်ရတယ်။

မိဘမဲ့ကျောင်းမှာ စ​ရောက်တည်းက တယောက်တည်းနေဖြစ်တာများတယ်။ သိပ်စကားမပြောဖြစ်တာလည်းပါမှာပါ။ ဘဝက ကျောင်းမှာ စာသင်လိုက်၊ ဝေယျာဝစ္စ ဝိုင့းကူပေးလိုက်နဲ့ပဲ နည်းနည်း....အရမ်းကို နည်းနည်းလေး သာယာနေသေးတယ်။

ပြဿနာက ဘယ်ကစတာလည်းဆိုတော့ အလယ်တန်းနောက်ဆုံးနှစ်လောက်မှာ စတာပဲ။ ကျွန်တော် အဲ့ချိန်ကစပီး လူတွေကို အရမ်းမုန်းသွားခဲ့တာ....ပြောရရင် သံယောဇဥ်တွေ အချစ်တွေဆိုတာကို မယုံချင်တော့တာပဲ။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

Intro လေးရေးလိုက်ပါတယ်။
ဖတ်ပီး ကြယ်လေးတွေမျှဝေပေးခဲ့ပါ....😁😁😁

ဒီမှာပါတဲ့ ဇာတ်ကောင်တွေက ကိုယ်တွေစိတ်ကြိုက် ဖန်တီးထားတာပါနော်။ အပျော်အနေနဲ့ အပျင်းပြေရေးတာမို့ မကောင်းရင်လည်းဝေဖန်နိုင်ပါတယ်။ အားလုံးကို ကြိုဆိုလျက်ပါ။ ဝေဖန်နိုင်တယ်..သို့သော်မရှုံချပါနဲ့။

Soulmates (Completed)Where stories live. Discover now