Extra 5(Final)

13.5K 484 14
                                    

Unicode
................

မိုးယံသူ့ဆီပြေးဖက်လာသူကို ကြောင်ကြည့်နေပီး မည်သည့်အမူအယာမျှမပြပေ။ ထိုလူကြီးရဲ့ ကော်ဖီရနံ့သင်းသင်းလေးက သူ့စိတ်ကိုကျေနပ်စေသေးသည်။ ရှိုက်ကြီးတငင်ငိုနေသော လူကြီးက သူ့ကိုလည်း ကျေးဇူးတင်စကားတွေအထပ်ထပ်ဆိုပြန်သည်။

'' ကျေးဇူးပါ.... တကယ်ကျေးဇူးပါ...ရွှတ်''

''ဟို... လူကြီး ကဘယ်သူလဲဟင်။ ကျွန်တော့်ကိုသိလို့လား''

''ဟင်.....''

ထိုလူကြီးက သူ့ကိုဖက်တွယ်ရာကနေ တွန်းကာမျက်ဝန်းတွေက မယုံနိုင်သဖွယ် စိုက်ကြည့်လာသည်။ မိုးယံလည်း အူကြောင်ကြောင်ပုံစံပြန်ကြည့်ပေးလိုက်သည်။

''ကိုယ်လေ... မမှတ်မိတော့ဘူးလား။ မင်းရဲ့အမျိုးသား ဘုန်းမြတ်ဋီကာလေ... ဘေဘီ... ကိုယ့်ကိုနောက်နေတာ မဟုတ်ဘူးမလား''

''ကျွန်တော် ခဗျားကြီးကိုမသိဘူး''

'' ယံလေး... ကိုယ့်ကိုမနောက်ပါနဲ့ကွာ... တကယ်မသိဘူးလား''

''ဟင့်အင်း...''

ဘုန်းမြတ် အိမ်တော်ထိန်းဘက်ကိုလှည်ကြည့်ပီး.....

''ဒါဆို သူ့ကိုကော... ''

''အိမ်တော်ထိန်းကြီးလေ''

''ဟင်... ''

''အစ်ကိုလေးက ဦးလေးကိုမှတ်မိတယ်လား''

''ဟုတ်... ဦးလေးက ဟင်းချက်လည်းကောင်းတယ်။ သားကိုလည်း အလိုလိုက်တယ်လေ''

ပျော်ရွှင်မြူးကြွစွာပြောပြလာသော မိုးယံပင်။ ဘုန်းမြတ်လက်မလျော့သေးပဲ သူနဲ့အတူပါလာတဲ့ လက်ထောက်လေးကိုညွှန်ပြပီး....

''ဒါဆို သူတို့ကိုကောသိလား''

''အင်း.... ဘောဒီဂတ် ကိုကြီး ဝမ်းနဲ့ ကိုကြီးဧဒင်''

''ဒါဆို ကိုယ်ကကော...''

ဟု ကိုယ့်ကိုကိုယ်ထိုးကာပြောတော့ စဥ်းတောင်မစဥ်းစားပဲ ငြင်းသည်။

''မသိဘူး...''

တဲ့လေ။ ဘုန်းမြတ် ငိုနေသည့်မျက်ရည်တွေတောင် ပြန်ဝင်ချင်သွားသည်။ မိုးယံလေး.. သူ့ရဲ့ယံယံလေးက သူ့ကိုမသိဘူးတဲ့လေ။

Soulmates (Completed)Where stories live. Discover now