Extra 1

11.7K 593 5
                                    

Unicode
................

မနက်စောစော Alarm မြည်သံကြောင့် ဘုန်းမြတ်တစ်ယောက် နိုးထလာခဲ့သည်။ Alarm ကို လက်တစ်ဖက်နဲ့လှမ်းပိတ်ပီး ရင်ခွင်ထဲကသူကိုလှမ်းကြည့်လိုက်မိသည်။

တစ်ခဏတာ တွန့်ချိုးသွားတဲ့ မျက်ခုံးလေးနဲ့ ချစ်ရသူက ဆူညံသံများမကြားရတော့၍ ပြန်လည်ပြေလျော့သွားလေသည်။ ဘုန်းမြတ်... မိုးယံရဲ့ ခေါင်းလုံးလုံးလေးကို ရှိုက်နမ်း၍ အိပ်ရာပေါ်မှ အသာလေးထလိုက်သည်။

ဒီနေ့အဖို့ လုပ်ငန်းအစည်းအဝေးအတွက် နယ်ဘက်သို့ ခဏဆင်းရမည်ဖြစ်သဖြင့် စောစောသွားဖို့ရန်လိုအပ်သည်လေ။ ရေမိုးချိုး အဝတ်အစားလဲပီးသည့်တိုင် မိုးယံက အိပ်ရာပေါ်မှာ ခွေခွေလေး အိပ်မောကျနေတုန်း။ ဒါ့ကြောင့် နိုးမနေတော့ပဲ အိပ်ပုတ်မဲလုံးလေးရဲ့ မျက်နှာအနှံ့ အနမ်းမိုးတွေ ရွာသွန်းခဲ့ပီး အိမ်မှထွက်လာခဲ့သည်။

'' အဆင်သင့်ပါပဲ သခင်ကြီး''

''အင်း... သွားမယ်...တူး... မင်းတို့တွေ မိုးယံကို သေချာစောင့်ကြည့်ထား''

''ဟုတ်ကဲ့''

personal ဘောဒီဂတ် သုံးယောက်ကို သေချာမှာခဲ့ပီး ကျန်တဲ့ခြံထဲနဲ့ အပြင်စောင့် ဘောဒီဂတ်ပါမကျန် အိမ်ကိုသေချာ ထိန်းသိမ်းစောင့်ရှောက်ဖို့ပါ တစ်ခါတည်းမှာခဲ့ရသည်။ အိမ်တော်ထိန်းကလည်း အထူးတလည်မှာစရာမလိုအောင် စိတ်ချရသူမို့ မိုးယံကိုသေချာဂရုစိုက်မည်ပင်။

ဘုန်း​မြ​တ်ထွက်သွားပီး မကြာခင်တွင် မိုးယံတစ်ယောက် အိပ်ချင်မူးတူးဖြင့် ထလာခဲ့သည်။ အပျင်းကျောကို တစ်ခါဆွဲဆန့်ပီး ခုတင်ပေါ်မှထလာခဲ့သည်။ မထလာခင် ဘေးနားကိုကြည့်ဖို့လည်းမမေ့။ ဟိုသေနာကောင်ကြီးက ဘယ်ချိန်ထဲက ထသွားမှန်းမသိ။

မျက်နှာသစ်ပီး အိမ်အောက်ထပ်သို့ဆင်းလာတော့ အိမ်တော်ထိန်းကြီးနဲ့တွေ့တော့သည်။

''အစ်ကိုလေး... မနက်စာစားတော့မလား။ ဦးလေးပြင်ပေးမယ်''

''ဟုတ်...စားမယ်ဦးလေး။ ဒါနဲ့ ဟိုလူကြီးကော''

''သခင်ကြီးက အလုပ်ကိစ္စနဲ့ နယ်ဘက်သွားတယ်''

''အော်... ''

Soulmates (Completed)Where stories live. Discover now