Story 8

21K 1K 50
                                    

Unicode
................

၅နှစ်ကြာပီးနောက်....

(ကျော်မယ်နော် 😜😜😜)

စီးပွားရေးသီတင်းတွင် ခေါင်းစီးပိုင်းကပါလာသော Kingdom ကုမ္ပဏီ၏CEO စက်ဧကရာဇ် ရဲ့ မင်္ဂလာ သီတင်းပင်။ ဦးအာဏာဧကရာဇ် က သူ့ပိုင် လုပ်ငန်းများကို စက်အား လွှဲပေးကာ အနားယူလိုက်သည်။ငယ်ရွယ်ပီး စီးပွားရေးမှာဆရာတစ်ဆူ ဖြစ်နေသော စက်ဧကရာဇ်အား စီးပွားရေးလုပ်ငန်းရှင်များ တစ်ချို့၏သမီးများက သူ့ထက်ငါ အပြိုင်အဆိုင် လက်ဆက်လိုကြသည့်ထဲမှ ဘယ်အိမ်ကများ မဲပေါက်သွားလေသလဲ ဟုပင် မေးခွန်းများထုတ်လာကြသည်။

သို့ပေမဲ့ ထိုသတင်းသည် ဧကရာဇ် အိမ်တော်သားများမှလွဲ၍ မည်သူမျှမသိကြပေ။ထိုသတင်းကို စိတ်ဝင်စားဖွယ် မရှိဘဲဟန်မပြတ် အလုပ်လုပ်နေသော ဘော့စ်အား ထိုက်တန် တစ်ယောက် ကားမောင်းရင်း အရိပ်တကြည့်ကြည့်ပင်။ အမှန်က ဘော့စ်ဘက်ကသာ ဘာမှပြောထားခြင်းမရှိဘဲ ဘယ်သူက အတင့်ရဲစွာ ထိုသတင်းဖြန့်ခဲ့မှန်းမသိ။

ထိုက်တန် ဘော့စ်ကို တစ်ချက်ကြည့်နေစဥ် အတွင်း လမ်းပေါ်သို့ ရုတ်တရက် ရှေ့မှ ကလေးတစ်ယောက် ဖြတ်လာတာကို ​မြင်လိုက်သဖြင့် ဘရိတ်ကိုမြန်မြန်အုပ်လိုက်ရသည်။

' ကျွီ '

'' ဘာဖြစ်တာလဲ ''

နောက်ခန်းမှ စက်၏ ရွှေရောင်မျက်ဝန်းနဲ့ အတူ လူသတ်ဖွယ်အကြည့်တွေကြောင့် ထိုက်တန် တစ်ယောက်ကြောက်ချီးပင်ပါချင်သွားသည်။

'' ဟို..ဘော့စ် ကလေးတစ်ယောက်ကို ဝင်တိုက်မိသလိုဖြစ်သွားလို့ ကျွန်တော်ဆင်းကြည့်လိုက်ဦးမယ်''

ထိုက်တန်ပြောပီး ကားရှေ့သို့ လျှောက်သွားစဥ် ထိုင်နေတဲ့ ကလေးငယ်တစ်ယောက်ကို တွေ့သွားသည်။ ထိုကလေးပုံစံက ညစ်တီးညစ်စုတ်ကလေး အသက်က ၄၊၅နှစ်ဝန်းကျင်လောက်ပဲရှိမည်။ အိမ်ခြေယာမဲ့ တစ်ယောက်ရဲ့ ကလေးဖြစ်ဖို့များသည်။

'' ကလေး အဆင်ပြေရဲ့လား''

ထိုကလေးက သူ့ပွန်းသွားတဲ့ လက်ကလေးကို ကြည့်နေရင်းကနေ ခေါင်းငြိမ့်ပြသည်။ ထိုစဥ်ကားထဲမှ ဘော့စ်က ကားမှန်တံခါးချကာ

Soulmates (Completed)Where stories live. Discover now