Story 1

38.5K 1.8K 53
                                    

Unicode
................
(Note that: Pdf file or တခြားမည်သည့်file မဆိုပြောင်းပြီး ကူးယူဖြန့်ချီခွင့်မပြုပါ)

'' မင်းမှာ ကိုယ်ဝန် ၁၀ပတ်ရှိနေပီ''

''ဗျာ''😱😱😱

ဟုတ်ပါတယ်...ခုကျွန်တော် ဆေးရုံရောက်နေတာပါ။ ရှေ့မှာ​​ထိုင်နေတဲ့ဆရာဝန်ဆီက ထွက်ကျလာတဲ့ စကားလုံးများပါ။ ကြားသာကြားရတယ် မယုံနိုင်။

''သေ...သေချာရဲ့လား ဆရာရယ်''

''ဟင်း....သေချာတယ် ခုမြင်နေရတာ တွေ့လား အစက်သေးသေးလေး.... အဲ့ဒါ ကိုယ်ဝန်ရှိကြောင်းပြနေတာ''

ကျွန်တော် Screen ပေါ်က သူထောက်ပြတဲ့နေရာကို အသဲအသန်ကြည့်မိတယ်။

'' ကိုယ်ဝန်က လနုသေးတဲ့ အတွက် အထူးဂရုစိုက်ဖို့တော့ လိုမယ်။ အကယ်၍ မွေးဖွားဖို့ဆုံးဖြတ်ထားရင်ပေါ့။ မမွေးဘဲ ထားချင်ရင်တော့ ၂၅ ပတ် မပြည့်ခင်တော့ လုပ်ဖို့တိုက်တွန်းချင်တယ်။

အင်း......အဲ့ဒါတော့ ဆရာလည်း ပြောလို့မရဘူး....အမျိုးသားနဲ့တိုင်ပင်ပီးဆုံးဖြတ်ကျပေါ့။ လောလောဆယ်တော့ အစားကို သင့်တင့်အောင်စား၊ ကျန်းမာရေးဂရုစိုက်၊ အလေးအပင်တွေ မ'မ'နဲ့ ဟုတ်ပီလား။''

'' ဟု....ဟုတ်ကဲ့''

ကျွန်တော် ဆရာဝန်လေးကို နှုတ်ဆက်ပီး အခန်းထဲကထွက်လာလိုက်တယ်။ စိတ်ထဲကတော့ မယုံနိုင်စရာတွေ ပွားများလျက်။

ဘုရားရေ....ငါလေးဘာတွေဖြစ်သွားရတာလဲ။ ဆရာဝန် ပေးလိုက်တဲ့ ဓာတ်ပုံလေးကို လက်ထဲမှာကိုင်ထားပီး သေချာကြည့်မိတယ်။

၁၀ ပတ်ဆိုတော့....ဟိုကောင်တွေနဲ့ တွေ့တုန်းကပေါ့......

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

လွန်ခဲ့သော် ၂လ......

'' ​နှောင်း....ဒီမှာ...''

''ရောက်နေတာ ကြာပီလား''

''သိပ်မကြာသေးပါဘူး....ဒါနဲ့ ငါတို့တွေတောင် မတွေ့တာ ကြာပီနော်''

''အင်း...''

''စက် ကတော့ မရောက်သေးဘူး....သူကအမြဲအလုပ်များနေတာလေ။ အချိန်မနည်းညှိနေရတာ။''

''အော်''

ခုကျွန်တော် ရောက်နေတာက စားသောက်ဆိုင်လေး တစ်ခုမှာပေါ့။ BBQ ဆိုင်လိုပုံစံမျိုး.....ကျွန်တော့် ​ရှေ့မှာထိုင်နေတာက အလယ်တန်း ပထမနှစ်တုန်းက ပေါင်းလာခဲ့ဖူးတဲ့ သူငယ်ချင်း ၂ယောက်။ နောက်တစ်ယောက်ရှိသေးတယ်....သူကမရောက်သေးဘူး။

Soulmates (Completed)Tempat cerita menjadi hidup. Temukan sekarang