Story 20

17.8K 805 20
                                    

Unicode
.................

ကြီးမားလှတဲ့ အထပ်မြင့်အဆောက်အဦးရှေ့ဝယ် ခြေဖဝါးဖြူဖြူလေးတစ်စုံ ရပ်နေလေသည်။ ထိုအနှီကောင်လေးကတော့ ထို အဆောက်အဦးကြီးကို ခေါင်းမော့ပီး ကြည့်နေလေသည်။

နှောင်း Kingdom ကုမ္ပဏီ ကို ကြားဖူးပေမဲ့ ဤမျှကြီးမားလိမ့်မည်မထင်။ အရင် သူလုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီ နဲ့ယှဥ်ရင် မြူမှုန်လောက်အဆင့်သာရှိသည်။

နှောင်း ထိုနေရာကို ဘယ်လိုရောက်နေလဲဆိုတာကတော့......

Flash back>>>

မနက်ပိုင်းချိန်တွင် အလုပ်သွားရန် ပြင်ဆင်နေတဲ့ စက်အနားကို နှောင်းရောက်လာကာ စက်ရဲ့ စည်းလက်စ နက်ခ်တိုင်လေးကို ယူစည်းပေးရင်းမေးလိုက်သည်။

''စက်... ''

''ဗျာဗျ... ဘာပြောမလို့လဲနှောင်းရဲ့''

''ဟို....ဒီနေ့ နေ့လည်ကျရင်လေ အရေးကြီးလုပ်စရာတွေ ဘာတွေရှိလား''

''ဒီနေ့တော့ အထွေအထူးမရှိပါဘူး... ဘာလို့လဲနှောင်း''

''ဘာမှမဟုတ်ပါဘူး.... ဒီ...ဒီတိုင်းမေးကြည့်တာပါ''

နှောင်း စကားသာပြောနေတာ အပေါ်သို့ မော့မကြည့်။ စက်ကတော့ နှောင်း သူ့အားမော့မကြည့်ပဲ ပြောနေတဲ့ သူလေးအား အမြတ်တနိုးကြည့်နေလေသည်။

ကြည်လင်နေတဲ့ အသားအရည်၊ မျက်တောင်စိတ်စိတ်နဲ့ စကားပြောလိုက်တိုင်း ထော်ထော်သွားတဲ့ နှုတ်ခမ်းဘေးကို ကြည့်နေရင်း အသဲယားလာလေသည်။

နှောင်း နက်ခ်တိုင်လေး ချည်ပေးပီးချိန် စက်က သူ့အားငုံ့နမ်းလေသည်။

''အွတ်.....''

''ပြွတ်စ်....ကိုယ့်ကို အသဲတွေယားလာအောင်လုပ်လို့😁''

'' ဟွန်း... ''

''အား...ကိုယ့်အချစ်လေးနဲ့တောင် မခွဲချင်တော့ဘူးကွာ''

နှောင်းကို ဖက်လိုက်ကာ ပြောလေသည်။ နှောင်းက စက်ရဲ့ လက်တွေကို ဖယ်လိုက်ချိန် လက်စွပ်မဝတ်ထားတာ သတိထားမိလိုက်သည်။

'' ခဗျား... လက်စွပ်ကော''

''ဟင်....အာ..ကိုယ်ဟိုနေ့က ဝိုင်တွေဖိတ်ကုန်လို့ ခဏချွတ်ထားလိုက်....လိုက်.... ဟာ..သွားပီ''

Soulmates (Completed)Where stories live. Discover now