Story 3

22.1K 1.3K 24
                                    

Unicode
................

ယခု နှောင်း xxx cafeကို ရောက်နေတာပါ။ သူမနေ့က မိုးယံနဲ့ ချိန်းထားခြင်း။

သူ ဆိုင်ထဲကို စောရောက်နေလို့ ဟိုကြည့်ဒီကြည့်လုပ်နေတယ်။ လက်ထဲက ကော်ဖီခွက်လေး ကိုလည်းမထိရသေးပေ။ အငွေ့တလူလူ ထွက်နေတဲ့ ကော်ဖီလေးကို ခဏအကြည့်ရောက်သွားပီး တွေတွေလေး စိုက်ကြည့်နေမိသည်။ စိတ်ထဲမှလည်း မိုးယံလာရင် ဘယ်လိုစကားစပြောရမလဲလို့ပေါ့။

ထိုစဥ် ဆိုင်လေးရဲ့ တံခါးဖွင့်ချိန် ထွက်လာတဲ့ ဘဲလ်သံလေးနဲ့အတူ လူတစ်ယောက်ဝင်လာခဲ့တယ်။ ထိုလူက နှောင်းရှိရာ စားပွဲဆီကို ဦးတည်လာနေတယ်။

'' စောင့်နေတာ ကြာသွားလားနှောင်း''

အသံကြားလို့ နှောင်း စိတ်လွင့်နေတာမှ သတိပြန်လည်လာတယ်။ မော့ကြည့်လိုက်တော့ မိုးယံသက်တံ့ပင်။ သူလည်း ပြန်ဖြေလိုက်တယ်။

''ဟင့်အင်း...မကြာပါဘူး....ထိုင်လေ..... တစ်ခုခုမှာဦးမလား''

''အင်း''

နှောင်း ဝန်ထမ်းကို လှမ်းခေါ်မယ် အလုပ် အလိုက်တသိ အနားရောက်လာတယ်။ မိုးယံလည်း ကော်ဖီ တစ်ခွက်မှာလိုက်ပီး

'' မင်း ပြောစရာရှိလို့ဆို....ဘာပြောမလို့လဲ''

''ဟင်...အာ....မင်းအလုပ်ကောအဆင်ပြေရဲ့လား''

''ဟမ်......အင်း ပြေပါတယ်။ ဒါလေးပြောမို့ခေါ်လိုက်တာလား''

''ဟင်''

*wtf နှောင်း ရေ မင်းဘယ်လိုတောင်မေးလိုက်တာတုန်း....သူဌေးသားကို အလုပ်အဆင်ပြေလားသွားမေးရလား*

​နှောင်း သူ့စိတ်ထဲမှ ကြိမ်ဆဲလိုက်မိတယ်။သူလည်း ဘယ်လိုပြောရမှန်းမသိဘဲ ပြောလိုက်ကာ...

'' ဟီးXD..... ငါ ဒီတိုင်းဘယ်ကစပြောရမှန်းမသိလို့မေးလိုက်တာ''

''​အော်...အာ့ဆို အဓိကက အဲ့ဒါမဟုတ်ဘူးပေါ့''

''အင်း....ဟို...ဟိုလေ...ငါဘယ်ကစမေးရမှန်းတောင်မသိတော့ဘူးကွ''

''မေးပါ အားမနာနဲ့''

''ဟူး....ဒီလိုကွာ လွန်ခဲ့တဲ့ ၂လ တုန်းကလေ...ငါတို့၄ယောက် တူတူဆုံခဲ့ကြတယ်လေ မှတ်မိလား''

Soulmates (Completed)Where stories live. Discover now