Extra 2 (Warning!!!)

12.8K 428 3
                                    

Unicode
................

အိမ်ပြန်ရောက်သည်အထိ တစ်ချက်တစ်ချက် ရုန်းကန်နေသေးသည့် မိုးယံ။ သူဒီအိမ်ကြီးကို ပြန်မလာချင်ဘူးဆိုနေ။ ခုတော့ ပြန်မလာချင်ပေမဲ့ ပြန်ရောက်လာခဲ့ရပီ။

"ခဗျား ကျုပ်ကို အောက်ချပေး...''

'' ငြိမ်ငြိမ်နေလို့ပြောနေတယ်လေ''

''မရဘူး...ခုချက်ချင်းချပေး... ရားး''

မိုးယံ ရုန်းကန်ရင်းနေသော်လည်း ဘုန်းမြတ်ကတော့ တုတ်တုတ်မလှုပ်ပဲ အပေါ်ထပ်ဆီသို့ ခြေလှမ်းဦးတည်းနေလေသည်။

ပီးနောက် အိပ်ခန်းထဲသို့ဝင်သွားကာ ပုခုံးတွင်ထမ်းသယ်လာသူလေးကို အိပ်ရာကျယ်ကြီးပေါ်သို့ ဗိုင်းခနဲပြစ်ချလိုက်တော့သည်။ အောက်ခံမွေ့ယာထူထူကြီးမလို့ မနာသွားပေမဲ့ လူကတော့ မွေ့ယာထဲဝယ် နစ်ဝင်လို့သွားခဲ့သည်။

''အာ့... ခဗျား... အွတ်''

''အွန်း.... ကျစ်... သေမလို စွတ်နမ်းရလား''

''ဒီနေ့ယံလေး သိပ်ဆိုးနေတယ်နော်... ပြောပါဦး ခိုးထွက်ရတဲ့အကြောင်းအရင်း''

''..... သိပီးနေပီမဟုတ်လား... ဘာကိစ္စလာမေးနေတာလဲ''

'' ဟူး.. သိပီးလည်း ယံယံလေးက ဖြေတာပဲ ကြားချင်တာကိုး။ ပီးတော့ ဘာလို့ အဲ့ကလေးမအနားမှာ သွားထိုင်နေရတာလဲ''

''ကျစ်.... ကျုပ်ဘာသာ ဘယ်နားထိုင်ထိုင်ပေါ့.. လိုက်ပြောနေရဦးမှာလား။ ကျုပ်အပြတ်ပြောပီးသား... ခဗျားနဲ့ ကျုပ်ကဘာမှမဆိုင်ဘူး။ တစ်ညတာမှားခဲ့တဲ့သူတွေပဲ။ အဲ့တော့ ကျုပ်အိမ်ကျုပ်ပြန်နေမယ်...ဖယ်''

ဘုန်းမြတ်ခန္ဓာကိုယ်ကြီးကို အတင်းတွေတွန်းဖယ်ရင်း နေရာမှထသွားဖို့လုပ်သည်။ သို့သော် ဘုန်းမြတ်က အဖယ်မခံပဲ မိုးယံကို တိုးကာပွေ့ဖက်လိုက်သည်။

''ကိုယ်နဲ့ မင်းနဲ့က တရားဝင်မိတ် ဖြစ်သွားပီလေ။ ဆိုင်တာပေါ့... ကိုယ်မင်းကို ဆူလို့စိတ်ဆိုးတယ်ဆိုရင် ကိုယ်မဆူတော့ပါဘူး။ ကိုယ့်ဆီကတော့ ထွက်မသွားပါနဲ့နော်''

ဘုန်းမြတ်က မိုးယံကို အတင်းကာရော ဖက်တွယ်လာကာဆိုသည်။ မိုးယံကလည်း အဖက်မခံ။ သူထိုသူကို သိပ်ကြည့်မရ။

Soulmates (Completed)Where stories live. Discover now