Story 10

23.2K 1.1K 33
                                    

Unicode
.................

ဆေးရုံတစ်ရုံရဲ့ ခွဲစိတ်ခန်းတွင် ဆရာဝန်များ ခေါင်းမီးတောက်စွာ ဝိုင်းပီးကုသပေးနေကြသည်။  သတ်ဖြတ်လိုစိတ် တဖွားဖွားနဲ့ စိုက်ကြည့်နေကြသော စက်ဧကရာဇ် ရဲ့ ဖိအားအောက်မှာ အတော်ပင် ခံနေရသည်။

မျက်ဝန်းတို့က ​ရွှေရောင်တောက်နေကာ သွေးစွန်းနေတဲ့ အကျီကို မလဲနိုင်ပဲ ဆေးရုံကို အပြေးလာခဲ့တဲ့ ဘော့စ်ကို ကြည့်ရင်း ထိုက်တန်လည်း ဝင်မပြောရဲ။ ထို့ကြောင့် ကလေးကို ခေါ်ကာ အပြင်သို့ ထွက်မယ်အလုပ် ကလေးကလည်းအထွက်မခံ။

* စိတ်လေတယ် ငစွာလေးက ဘော့စ်အတိုင်းပဲ ပေကပ်ကပ်လေး *

ထိုချိန် သူနာ​ပြုဆရာမလေးများက ခွဲခန်းထဲက နေ အလောတကြီးထွက်လာကြသည်။

'' လူနာ ဘာဖြစ်လို့လဲဗျ ''

'' ဟို လူနာက အ​ရေးကြီး သွေးလိုနေတယ်။ အိုသွေးလိုတာ သွေးဘဏ်မှာ ကုန်နေလို့ ရှင်တို့ထဲက ရနိုင်မလား မြန်မြန်ရမှ ဖြစ်မှာ မဟုတ်ရင် အသက်အန္တရာယ် စိုးရိမ်ရတယ် ''

'' ကျွန်တော်လှူမယ်... ကျွန်တော် အိုသွေးပါ ''

ဆိုပီး ထိုက်တန်က ဝင်ပြောလေသည်။ စက်လည်းထိုခါမှ စိတ်ချသွားကာ စိတ်ထဲမှ ကျေးဇူးတင်နေမိသည်။

'' ဖေဖေ.... ဦးဦး သားဖေဖေ ဘာဖြစ်တာလဲအင့်..... ဟင့် ''

စက် ကလေးကို ကြည့်ရင်း ပွေ့ဖက်လိုက်ကာ သူကိုယ်တိုင်လည်း မျက်ရည်ကျနေမိသည်။ နောက်ဆုံးတော့ သူရှာတွေ့ခဲ့ပီ။ သူ့သားရယ် သူ့ရဲ့ Soulmate အိုမီဂါ လေးရယ်။
သူလုံးဝထင်မထားခဲ့တာ နှောင်းက အဖြစ်ဆိုးနဲ့ ကြုံခဲ့ရမယ်လို့ သားလေးလည်း ​ရေသန့်ဗူးကောက်ပီး ၄ နှစ်လုံးလုံး ရှင်သန်နေခဲ့ရမယ်လို့လေ။ ကလေးကတော့ စက်ရဲ့ အပြုအမူကို ကြောင်ပီးသာ ကြည့်နေလေသည်။

'' ဦးဦး....ငိုနဲ့ တိတ်တိတ် ''

''အင်း... ဦးမငိုတော့ဘူးနော် ''

''ဖေဖေမသေပါဘူးနော်... သားနဲ့ တူတူနေကြမှာနော် ဟုတ်တယ်မရား ဦးဦး  ''

ကလေးက ခေါင်းလေးငုံ့ကာ သူ့ကြောင့်ဆိုတဲ့ စိတ်နဲ့ ဝမ်းနည်းနေတယ်။ စက်လည်း ကလေးအား ​ဖြေသိမ့်ရင်း ခွဲခန်းဝမှာ ထွက်လာမဲ့ နှောင်းကိုသာ မျှော်နေမိသည်။ ဦးအာဏာကိုလည်း ဆေးရုံမှာကြာကြာ မနေစေချင်တာကြောင့် အိမ်ကို ပြန်ပို့ခိုင်းလိုက်တော့သည်။

Soulmates (Completed)Where stories live. Discover now