Story 4 (Warning!!!)

28.3K 1.3K 25
                                    

Unicode
................

အလင်းရောင်ဖျဖျ အခန်းရဲ့ပြတင်းပေါက် လိုက်ကာကြားကနေ တိုးဝင်လို့လာတယ်။ အခန်းတွင်း အိမ်ရာလေးပေါ်မှာ အပူအပင်ကင်းမဲ့စွာ အိပ်မောကျနေတဲ့ကောင်လေး တစ်ယောက်လည်း ရှိနေတယ်။

ကောင်လေးက အိပ်နေရင် ကလေးတစ်ယောက်လိုပဲ အပြစ်ကင်းစင်နေတယ်။ ဖြူဖွေးတဲ့ အသားရည်၊ ​ကော့ညွတ်နေတဲ့ မျက်တောင်လေးတွေ၊ နှင်းဆီရောင် နှုတ်ခမ်းဖူဖူးလေးတွေ၊ မထူမပါးလွန်းတဲ့ မျက်ခုံးလေးတွေ၊ နှာတံစင်းစင်းလေးတွေက မြင်ရသူ စိတ်ထဲကြည်နူးမိစေတယ်။

ထိုကောင်လေးရဲ့ဘေးမှာလည်း ကောင်လေးလောက် မဖြူပေမဲ့ အသားလတ်တဲ့ထဲတော့ပါမယ်။ သူရဲ့ လေးထောင့်ဆန်ဆန်မျက်နှာလေး၊ မျက်ခုံးထူထူ၊ နှာတံစင်းစင်း အာရှနဲ့ဥရောပ ဖက်စပ် ရုပ်မျိုးလေးကလည်း တစ်မျိုးချောနေတယ်။ သူတို့နှစ်ယောက် ကုတင်ကျယ်ပေါ်မှာ တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်တင်းကျပ်စွာ ဖတ်အိပ်နေလေသည်။

စက်ဧကရာဇ် အလင်းစူးလို့ အိပ်ရာကနေနိုးထလာခဲ့သည်။ သူဘေးနားကိုလှည့်ကြည့်တော့ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ ကောင်လေး၊ သူအရမ်းမုန်းနေရပါတယ်ဆိုတဲ့ အိုမီဂါ လေးပေါ့။

စက် မနေ့က သူ့နောက်ကို လိုက်လာရင်း ဓာတ်လှေကားရှေ့မှာ ခွေခွေလေးလဲကျနေလို့ သူ့အိမ်ကို ပွေ့ချီခေါ်လာခဲ့တာပါ။ ဆရာဝန်ခေါ်ပီး စစ်ကြည့်ခိုင်းတော့လည်း သွေးအားနည်းပီး ဟောမုန်းနံ့တွေ ရှူတာများသွားလို့ ဖြစ်သွားတာ ဆိုပီး ဆေးတစ်လုံးထိုးပေးခဲ့တာ။ အိပ်လိုက်တာဆိုတာ ခုထိကို ပြန်နိုးမလာတော့။

စက် ငုတ်တုတ်ထိုင်ကြည့်​နေတုန်း ဘေးနားကနေ အင်း...အဲ ဆိုပီး လှုပ်နှိုးလာသူ။ နှောင်း မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လိုက်ချိန် သူ့အားဆီးကြိုနေသည်က သူတစ်ခါမှမမြင်ဖူးတဲ့ မျက်နှာကျက်။ သူမျက်လုံးကိုပွတ်ပီး သေချာကြည့်လိုက်တယ်။

သူလန့်သွားပီး ဘေးကိုလည်းထပ်ကြည့်လိုက်တယ်။ ကျယ်ဝန်းလှတဲ့ အခန်းတွင်း ခန်းဝန်ပစ္စည်းတွေကလည်း တန်ဖိုးရှိလောက်မယ်ထင်တယ်။ ကုတင်ဘေးနားမှာတော့ ပြတင်းပေါက် အကြီးကြီးနဲ့ လိုက်ကာ အဖြူရောင်တပ်ထားတယ်။ နှောင်း ငေးကောင်းနေတုန်း ဘေးနားက အသံကြားလိုက်လို့ လှည့်ကြည့်လိုက်တယ်။

Soulmates (Completed)Where stories live. Discover now