Story 6

20.9K 1K 18
                                    

Unicode
...............

အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လူအများရှုပ်ထွေးလျှက် ......

လေဆိပ် မော်နီတာမှ ဆိုက်ရောက်လာမဲ့လေယာဥ် အမှတ်စဥ်များပြသထားတယ်။ အပေါက်ဝတွင်လည်း ထွက်လာမဲ့သူများကို လာကြိုသူများ အတုံးအရုန်း။ ထိုလူတွေများထဲမှ ထင်ရှားစွာ လျှောက်လှမ်းလာသူတစ်ဦးလည်း ရှိပေသည်။

သူက ပေါင်လည်လောက်ထိရှည်တဲ့ကုတ် အကျီကိုဝတ်ဆင်ထားပီး နှာတံစင်းစင်း၊ မျက်ခုံးထူထူ ၊ အညိုရောင် မျက်ဝန်းလေးနဲ့ နီဆွေးဆွေး နှုတ်ခမ်းပါးက ပျိုမေများကို စွဲဆောင်နေသယောင်။ ဒါ့ပြင် နောက်သို့ သပ်တင်ထားသော ဆံနွယ်တွေက ထိုသူ၏ရင့်ကျက်မှုကို ပေါ်လွင်စေသည်။ သူနဲ့အတူ နောက်ကနေ လျှောက်လာသူလည်းရှိပေသည်။

လေယာဥ်ဝင်းထဲက ထွက်လာပီး သူ့အားလာကြိုမည့်သူကို ကြည့်လိုက်မိသည်။ မတွေ့.....ဒါ့ကြောင့်သူ့နောက်က သူကို လက်တစ်ချက် ပြလိုက်တော့ ထိုလက်ထောက်ကပဲ လာကြိုသူကိုရှာဖွေလိုက်တယ်။

သူ ခေါင်းကို တစ်ချက်လှည့်ကြည့်လိုက်တော့ တွေ့ပါပီ သူရှာနေတဲ့သူ။ ထိုသူက ဆိုင်းဘုတ်ကို လည်ပင်းမှာ ချိတ်ဆွဲပီး မတ်တပ်ငိုက်နေလေရဲ့။

သူတို့လည်း ထိုသူအနားကိုသွားလိုက်ကာ ဆိုင်းဘုတ်လေးကို ကြည့်လိုက်တော့.....ရေးထားတာက ......

'' King of the Machine
ဧကရာဇ်မျိုးရိုးက သခင်လေး စက်ဧကရာဇ် '' တဲ့လေ။

'' ခွီး....''

ထိုက်တန် အသံထွက်ရယ်မိတယ်။
ဘော့စ်က သူ့နောက်ကိုလှည့်ပီး စိုက်ကြည့်လာသည်။ သူလည်း ပါးစပ်ကို လက်နဲ့ ကာလိုက်ပီး ထိုရှေ့က ငိုက်နေသူကို လှုပ်နှိုးလိုက်တယ်။

'' ဟေ့လူ....''

မနှိုးသေး။ သူထပ်ခေါ်လိုက်တယ်။

'' ဟေ့လူ.... ဘော့စ်ရောက်နေပီ''

သူ စိတ်မရှည်တော့တဲ့ အဆုံး ဇာတ်ပိုးကို ဖြတ်ခနဲရိုက်ချလိုက်တယ်။

*ဖြောင်း

'' ငင့်....''

ထိုရှေ့ကလူက လန့်နှိုးပီး ဘေးဘီက လှည့်ကြည့်လိုက်တယ်။ ပီးတော့ ကမန်းကတန်း သူ့ ချိတ်ထားတဲ့ ဘုတ်ပြားကို လက်နဲ့ ကောက်ကိုင်လိုက်တယ်....ဝါး ဆိုပီး တစ်ချက်သန်းကာ ပါးစပ်ကလည်း မြုပ်စိမြုပ်စိ လုပ်နေသေးတယ် မျက်လုံးကတော့ သေချာဖွင့်မလာ။

Soulmates (Completed)Where stories live. Discover now