Story 16

18.6K 869 4
                                    

Unicode
..............

မိုးယံ ဟိုလူကြီးအိမ်မှာ သောင်တင်နေတာ ၁လနီးပါးရှိနေပီဖြစ်သည်။ ထိုတစ်လ အတွင်း နည်းလမ်းပေါင်းစုံနဲ့ ထွက်ပြေးဖို့ ကြိုးစားဖူးပေမဲ့ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တာပင်။ အစောင့်တွေကလည်း နေရာတိုင်း အပြည့်ဖြင့်။ 

ခုလည်း ဘယ်လိုခိုးထွက်ရမလဲကြံစည်နေခြင်း။ မိုးယံရဲ့ အခန်းရှေ့မှာဆိုလည်း အစောင့်နှစ်ယောက်လောက်ရှိနေသည်။ ဘယ်လိုနည်းလမ်းနဲ့ ပထုတ်ပထုတ် တုတ်တုတ်မလှုပ်သော ကျောက်ခဲကြီးတွေပင်။ အခုက မနက်ပိုင်းဆိုတော့ ဟိုလူကြီးလည်း ရုံးသွားဖို့ ပြင်ဆင်ချင် ပြင်ဆင်နေလောက်ပီ။ 

မိုးယံ အခန်းအပြင်ကို ခပ်တည်တည် ထွက်လာလိုက်သည်။ အခန်းရှေ့က နှစ်ယောက်ကတော့ သူ့နောက်က တကောက်ကောက် လိုက်လာလေသည်။ သူလည်း ဟိုလူကြီး အခန်းရှေ့ရောက်တော့ တံခါးပင်မခေါက်ပဲ ဝင်သွားလိုက်ပီး နောက်ကနှစ်ယောက်ကို ဝင်လာရဲဝင်လာကြည့်ဆိုတဲ့ အကြည့်တစ်ချက်ပို့လိုက်သည်။ ပီးတာနဲ့ တံခါးကို ဂျိမ်းခနဲ ပိတ်ပစ်လိုက်သည်။ 

မိုးယံ အခန်းထဲဝေ့ကြည့်လိုက်တော့ ထိုသူမရှိ ရေသံကြားတာကြောင့် ရေချိုးခန်းထဲမှာဆိုတာသိလိုက်သည်။ သူလည်းကုတင်ပေါ်မှာ သွားထိုင်လိုက်သည်။ လူကြီးနဲ့ ပထမဆုံးတွေ့တဲ့ချိန်က rut ဖြစ်ပီးကတည်းက သူ့အားထပ်မထိဖြစ်ခဲ့ကြပေ။ အကြောင်းမှာ သူ့ကိုချုပ်ချယ်ရင် ကိုယ့်ကိုကိုယ် သတ်ပြစ်မဲ့အပြင် ၊ မရပါက သူကိုက်ထားတဲ့ အမှတ်ကိုပါ ဖျက်စီးပစ်မယ်လို့ ချိန်းခြောက်ထားတာကြောင့်ပင်။ 

ဘုန်းမြတ်က တော်ရုံဆို စိတ်ရှိတိုင်းလုပ်ပစ်လို့ရပေမဲ့ သူ့ပါတနာဖြစ်နေတာကြောင့် တမင်အလျော့ပေးထားခြင်းကိုတော့ မိုးယံတစ်ယောက် မသိခဲ့ပေ။ 

'ဂျလောက်'

ဆိုတဲ့ အသံနှင့်တကွ ဘုန်းမြတ်ရေချိုးခန်းထဲက ထွက်လာလေသည်။ ရေချိုးခန်းထဲက ထွက်ထွက်ချင်း မိုးယံကိုတွေ့လိုက်ရတာကြောင့် ကြောင်အမ်းအမ်းဖြစ်သွားရသည်။ မိုးယံက တစ်ခါမှ သူ့အခန်းမပြောနဲ့ သူရှိနေရင် လုံးဝ အခန်းထဲကနေကို ထွက်မလာသောကြောင့်ပင်။ 

Soulmates (Completed)Where stories live. Discover now