Story 15

20K 913 11
                                    

Unicode
................

'' Sky ရဲ့ CEO က ကျွန်တော်တို့ဆီမှာ ဘာ့ကြောင့်များရှယ်ရာဝင်ချင်ရသလဲဆိုတာ သိခွင့်ရှိမလားဗျ''

'' ဒီတိုင်း ခဗျားတို့လုပ်ခဲ့တဲ့ project တွေတော်တော်များများက အောင်မြင်တယ်ဆိုလို့ ပီးတော့ မိတ်ဖွဲ့ချင်တာလဲပါတာပေါ့။ ကျုပ်ရဲ့ အရှပ်တွေရှင်းချင်တာလဲပါမှာပေါ့....သိတယ်မလား ''

'' အော်... ''

'' ဒါဆို အကျိုးတူ ဖြစ်တယ်ပဲသတ်မှတ်ကြတာပေါ့ ''

'' ပူးပေါင်းတာ ကျေးဇူးပါ''

'' no problem''

ဘုန်းမြတ် လက်ဆွဲနှုတ်ဆက်ပီး အပြင်ကိုထွက်သွားခဲ့သည်။ သူလည်း ထွက်သွားပီးနောက် အခန်းထဲက စက်ဧကရာဇ် ရဲ့ အေးစက်တဲ့ အရိပ်အခြေသို့ပြောင်းသွားပြန်သည်။

ထိုချိန် ကိုထိုက်ဝင်လာကာ...

'' Sky တို့ဘက် အရိပ်အခြေကို စောင့်ကြည့်ပေးထား''

'' yes boss''

'' ဟိုမိန်းမရဲ့ သတင်းကော အခြေအနေ''

'' ဟုတ်ကဲ့ သူမက devil ဘက်ကို ခိုလှုံခွင့်တောင်းထားတယ်လို့ သတင်းကြားပါတယ်''

'' devil??''

'' ဟုတ်ပါတယ် boss...  ကြည့်ရတာ သူတို့နဲ့ပေါင်းပီး ဒီဘက်ကို ပြန်လာထိမှာစိုးတယ်.... အဓိကက အစ်ကိုလေးကို ထိခိုက်လာမှာ စိုးရိမ်ရပါတယ်''

'' နှောင်းဘေးနားမှာ ချထားတဲ့ လုံခြုံရေးကို နှစ်ဆထပ်တိုးထားလိုက်''

'' ဟုတ်ကဲ့''

'' တစ်ခုခု ဆို ချက်ချင်းအကြောင်းကြားပါ။ အိမ်ထဲကို ယင်တစ်ကောင်တောင် မဝင်​ပါစေနဲ့''

'' ဟုတ်ကဲ့ပါ boss''

ကိုထိုက် ထိုအခန်းထဲကထွက်သွားကာ လုပ်စရာရှိတာ သွားလုပ်နေလိုက်သည်။ စက်လည်း ဆိုဖာပေါ်မှာခဏနားနေချိန် ဖုန်းတစ်ကော ဝင်လာလေသည်။

'' Ring Ring''

'' ဟုတ်ကဲ့ ဖိုးလေး''

''..........''

'' ဟုတ်ကဲ့ လာခဲ့ပါ့မယ်။ ဒီအပတ်တွင်းလားဗျ''

''...........''

Soulmates (Completed)Where stories live. Discover now