Story 5

23.1K 1.2K 59
                                    

Unicode
................

''မနေဘူး....ဒီအိမ်ကနေ ဆင်းမယ်''

''ဘာ......မင်းဆင်းရဲရင်ဆင်းကြည့်လေ''

''ဆင်းဦးမှာ ဆင်းကိုဆင်းဦးမှာ... ကိုယ့်ဘာသာကို သေသေရှင်ရှင်..... ဒီ အကျင့်မကောင်းတဲ့သူရဲ့ အိမ်မှာတော့ ဘယ်တော့မှမနေဘူး''

''ဟက်.....ဒါတော့မင်းသဘောလေ''

''ဘာ.....မင်း ဘာသောက်စကားပြောတာလဲ။ သူလည်းတက်လုပ်သေးတယ်.....မတောင်းပန်တဲ့အပြင် ခုတော့ ဆင်းမယ်ဆိုတာတောင် ကြည်ကြည်ဖြူဖြူပါလားဟမ်.....အမေရေ သားအဖြစ်ကိုလှည့်ကြည့်ပါဦး....

ခေါ်တုန်းကလည်းသူပဲ နှင်တော့လည်းသူပဲ ......အစတည်းကမနေဘူးပြောတာတောင် သူပဲအတင်းခေါ်ထားပီးတော့ ''

''မင်း နည်းနည်းငြိမ်ပေးလို့မရဘူးလား''

''ဘာဖြစ်လဲမငြိမ်တော့.....မင်းဘာမင်း Rut ဝင်တာနဲ့ ငါ့ကိုအသုံးချတယ်ပေါ့လေ''

နှောင်း လုံးဝမကျေနပ်ပါ။ မနေ့ညက သူ့ကို တက်လုပ်သွားတာ.....ဘာတဲ့ ပြောတော့ အိုမီဂါကို သေလောက်အောင်မုန်းတယ်...... ခုတော့ နှောင်းဘဝဟာဆိုရင်ဖြင့် ဗိုက်ကလည်းကြီးသေး....ဗိုက်ကြီးယုံတင်အားမရသေးဘူး စော်ကားတာလည်းခံရသေးတယ်။

''အဲ့တော့...''

''မင်း Rut ကြောင့် ငါ့ကလေးတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ....စာနာစိတ်ကိုမရှိဘူး ဟွန်း ''

''ခုကော ဘာဖြစ်နေလို့လဲ.... ဘာမှမဖြစ်တာကိုပြောနေသေးတယ်''

''........''

'' မင်းပြောစရာမရှိရင် ငါအလုပ်သွားတော့မယ်....စိတ်ချ နောက်တစ်ခါဆိုတာ မရှိစေရဘူး....ဒီကိစ္စ အတွက်နဲ့ ငါ့ဆီက တောင်းပန်စကားလိုချင်ရင်တော့ sorry ပဲ...... ငါလည်းမမှားသလို မင်းလည်းမမှားဘူး.... မင်း ဒီအိမ်ကဆင်းချင်ရင်တော့သဘောပဲ.....ဟက် နေစရာအိမ်ရှိရင်တော့ ဆင်းပေါ့''

''.....''

စက် သူ့ကို အပြတ်ပြောပီး ထွက်သွားတာ.....

နှောင်း ခဏတော့ တွေသွားသေးတယ်။ စက်ပြောသွားတာလည်းဟုတ်တယ်....သူ့မှာနေစရာရှိနေရင်တောင် သုံးစရာမှမရှိတာ 😭

Soulmates (Completed)Where stories live. Discover now