Thingyan Special

7.2K 299 24
                                    

Unicode
................

မကြာခင် သင်္ကြန်အခါတော်သမယသို့ရောက်လာတော့မည်။ ​နှောင်းတို့ မိသားစုလေးသည်လည်း အိမ်တော်ထဲဝယ် ကလေးတွေအတွက် ကစားနိုင်ရန် မဏ္ဍပ်အတုကလေးများဆောက်ပေးထားလေသည်။

ခြံဝင်းသည်ကျယ်လွန်းလှတာကြောင့် ကလေးတွေအကြိုက်ဆော့ကစားနိုင်သည်လေ။ ဘေးခြံတွေအတွက်ဆူညံပူညံဖြစ်မှာလည်းမပူရ။ အဘယ်ကြောင့်ဆိုသော် အိမ်တော်က သူတို့ရပ်ကွက်ထဲတွင် နှစ်​ခြံစာလောက် အကြီးဆုံးနဲ့ အကျယ်ဆုံးဖြစ်တာကြောင့်ပင်။

ကလေးတွေလွတ်လပ်စွာဆော့နိုင်စေရန် သူတို့လူကြီးတွေအားလုံးပေါင်းကာ စီစဥ်ပေးရခြင်းပင်။ ကလေးတွေအတွက်ပွဲလေးပေါ့လေ။ လူကြီးတွေကတော့ မုန့်လုံးရေပေါ်နဲ့ မုန့်လက်ဆောင်းများ စုပေါင်းလုပ်စားကြကာ ဘေးခြံတွေလည်းဝေပေးဖို့အစီအစဥ်လည်းရှိသည်။

Omegaverse ကမ္ဘာမှာ သင်္ကြန်မရှိဘူးလို့ဘယ်သူပြောသလဲ။ ဒီမှာလည်းထိုသို့သော ပွဲတော်တွေရှိပါသည်။ ဒီမှာက ထိုသို့သောရိုးရာပွဲမျိုးကို တက်ညီလက်ညီဖြင့် ပါဝင်ဆင်နွှဲကြသူများသာ။ မိုးယံအတွက်တော့ မူလပြည်ကြီးမှာ မကောင်းသော်လည်း ယခုOmegaverse ကမ္ဘာကြီးမှာတော့ အရာရာလွတ်လပ်လို့နေသည်။

ယခုသူတို့ခြံကြီးထဲတွင်စုဝေးနေကြပြီး စက်နဲ့လီယိုကတော့ အုန်းလက်ကလေးတွေနဲ့ မဏ္ဍပ်အတွက်အလှဆင်ကြသလို နှောင်းနဲ့မိုးယံတို့ကတော့ မုန့်လုံးရေပေါ်ဝိုင်းထဲတွင် အိမ်အကူများဖြင့်ကူလုပ်ပေးနေကြသည်။

မိုးယံ၏လူကြီးလား။ သူကတော့ အိမ်နောက်ဖေးမှာ ထင်းခုတ်ခိုင်းထားတယ်။

ကျွန်တော်လျှောက်ပြောတာ...ဟဲဟဲ... သူက ကလေးတွေအတွက် ရေပိုက်ကလေးတွေ ဆော့ဖို့ပြင်ခိုင်းထားတာ။ ကလေးဆိုမှပြောရဦးမယ်။ မိုးယံမှာလေ ဘုန်းမြတ်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေလေပြီ။ သူတို့နှစ်ယောက်အတွက် ဒုတိယမြောက်ကိုယ်ဝန်ပါဗျ။ ပထမကိုယ်ဝန်တုန်းကလေ မိန်းကလေးမွေးတာဗျ။

ကလေးလေးက မိုးယံနဲ့သိပ်တူတာ။ အသားညိုညိုလေးနဲ့ မျက်လုံးဆိုတာလေ ပယင်းကျောက်ကလေးလိုပဲ တလက်လက်တောက်လို့ပလို့။ ခုအဲ့ကလေးလေးကလေ လေးနှစ်အရွယ်တောင်ရှိသွားပြီဗျ။

Soulmates (Completed)Donde viven las historias. Descúbrelo ahora