Story 21

18.6K 926 18
                                    

Unicode
................

စက် ရေခရားလေးကိုကိုင်ပီး ပြန်လာခဲ့သည်။ စိတ်ထင်လို့လားပဲမသိ ဒီနေ့မှ စိတ်တွေက ခါတိုင်းနဲ့မတူ တည်ငြိမ်နေသည်။

သူအခန်းထဲသို့ တံခါးဖွင့်ကာ ဝင်လာလိုက်သည်။ ဝင်ဝင်ချင်းမြင်တွေ့ရတဲ့ အရာကြောင့် လက်ထဲမှကိုင်ထားသော ရေခရားသည်လည်း မြေပေါ်သို့ ပြုတ်ကျသွားခဲ့ပီး ရေများသည်လည်း ရေတံခွန်ကဲ့သို့ ဝေါခနဲစီးဆင်းသွားသည်။

''ဒယ်ဒီ...ဖေဖေနိုးလာပီ''

ဝမ်းသာလွန်းလို့ ငုတ်တုတ်ပင်မေ့နေရသည်။ Dominant အယ်လ်ဖာ ဖြစ်နေသော်လည်း ခံစားချက်တို့ကပြောမပြတတ်အောင် မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျကာ ကုတင်ပေါ်ရှိလူနာဆီသို့ ပြေးဖက်မိသည်။

''အင့်.....''

''နှောင်း... ကျေးဇူးတင်ပါတယ်... နိုးထလာပေးလို့ ''

''ကျွန်တော်...ရေ...ရေသောက်ချင်တယ်''

''ခဏနော်''

''ဖေဖေ.... သားသားကလွမ်းနေတာ.... ဘာလို့ အကြာကြီးအိပ်နေတာလဲ''

နှောင်းပြုံးပြပီး ကလေးရဲ့ခေါင်းလေးကို လက်နဲ့ အသာပုတ်ပေးလိုက်သည်။ စက်ကတော့ ရေအသစ်သွားခပ်ပေးပီး ဆရာဝန်တွေပါ အကြောင်းကြားလိုက်သည်။

ဆရာဝန်တွေလာရောက်စစ်ဆေးအပီးမှာတော့ စိုးရိမ်စရာမရှိတော့ကြောင်းပြောပီး ပြန်ထွက်သွားကြသည်။

'' ဖေဖေ.....ဖေဖေ....ဒီမှာ..... ညီလေးနဲ့ ညီမလေး''

နှောင်းတည်လေးက သူ့ရဲ့ ဘေဘီသေးသေးလေးတွေထည့်ထားတဲ့ ပုခတ်ကို လက်ညိုးထိုးပီး ပြောနေလေသည်။ စက်လည်း အလိုက်တသိ ကလေးပုခတ်ထဲက အကြီးကောင်လေး ကို ထုတ်ပီး နှောင်း အိပ်ရာဘေးသို့ချပေးလိုက်သည်။

နှောင်းတစ်လနီးပါး အိပ်နေတာကြောင့် အားသိပ်မရှိသေး၍ လက်အားယူဖို့ မဖြစ်နိုင်သေးတာကြောင့် ကုတင်ဘေးနားချထားတဲ့ သေးသေးလေးကို ကြည့်ပီးနူးညံ့အိစက်နေတဲ့ ပါးလေးကို လက်ညိုးလေးနဲ့တို့ပီး သဘောကျနေလေသည်။

ထိုချိန် စက်လည်း နှောင်းကိုစကားပြောဖို့ ကြိုးစားလိုက်သည်။

Soulmates (Completed)Where stories live. Discover now