Story 18

18.5K 813 7
                                    

Unicode
................

ဆေးရုံမှာလဲနေတဲ့ကောင်လေးတစ်ယောက်။ ဘေးနားမှာလည်း ထိုကောင်လေးရဲ့ လက်လေးကို ကိုင်ပီး သန့်ရှင်းရေးလုပ်ပေးနေတဲ့သူလည်းရှိတယ်။

'' အင်း...''

'' နိုးလာပီလား နှောင်း''

'' ဟုတ်''

'' ကိုယ် ရေပတ်တိုက်ပေးထားတယ်... ဗိုက်ဆာနေပီလား.... ဘာစားမလဲ''

'' ဆန်ပြုတ်ကလွဲရင်ကျန်တာရတယ်''

''ဟုတ်ပါပီဗျာ ''

''မျက်နှာသစ်ဦးမယ်''

''နေဦးလေ... ကိုယ်ချီသွားမယ်''

''ရတယ် နည်းနည်းပဲတွဲပေး''

'' ခြေထောက်ကကျိုးထားသေးတယ်လေ.... လမ်းဘယ်လိုလျှောက်နိုင်မှာလဲ''

''ရတယ် လျှောက်ကြည့်ချင်လို့''

စက်ဧကရာဇ် ထိုလူသား အသည်းညှာလေးကို တွဲကူပီးရေချိုးခန်းထဲပို့ပေးလိုက်သည်။ အမှန်တော့ အရင်ကားအက်စိဒင့် ဖြစ်ကတည်းက ခြေထောက်ထိသွားတာ မကုလိုက်ရလို့ ဆေးရုံရောက်မှ ကျိုးမှန်းသိတာ။ တော်သေးတာက ပင်မအကြောတွေမထိသွားလို့ အောက်ပိုင်းမသေရုံတမယ်ပင်။

နှောင်းတို့ ဆေးရုံမှာနေတာ တစ်ပတ်ရှိပီဖြစ်ပီး စက်ကအမြဲ အနားမှာအချိန်ပြည့်နေပေးသည်လေ။ အလုပ်သွားပါဆိုလည်းမရ။ အလုပ်မလုပ်ရလည်း တသက်လုံးမငတ်နိုင်သေးဘူးဆိုပီး ပြောလာတော့ သူလည်းဘာမှမပြောလိုတော့။ စိတ်ချမ်းသာအောင်ပဲ နေခိုင်းတော့သည်။

'' ပီးပီလား''

''ပီးပီ''

မျက်နှာသုတ်ပုဝါကမ်းပေးလိုက်ပီး ​နှောင်းကယူသုတ်ကာ မျက်နှာသစ်၊ သွားတိုက်ခြင်းအမှုပီးဆုံးသွားသည်။

'' ခဏနေရင်... ကလေးနဲ့ ကိုထိုက်လာလိမ့်မယ်။ မနက်စာပါယူလာခိုင်းထားတယ်''

''ဖေဖေ''

''ဟော....ပြောရင်းဆိုရင်းလာပီ''

''သား... ဖေဖေ့ဆီလာဦး''

''ဖေဖေ... နာသေးလား''

''မနာတော့ပါဘူးဗျာ... သားလေးကိုတွေ့လိုက်ရလို့ ပျောက်သွားပီ''

Soulmates (Completed)Where stories live. Discover now