Story 12

23.1K 1K 16
                                    

Unicode
................

မြို့နယ် တရားရုံးတစ်ခု၌ တရားသူကြီးမင်းက ​ရှေ့ခုံရုံးမှာ ထိုင်နေ၏။ အောက်ဘက်တွင်တော့ သက်ဆိုင်ရာ ရှေ့နေတွေနဲ့ အသီးသီးထိုင်နေကြတယ်။ တရားလို ဘက်မှာတော့ စက်ဧကရာဇ် က ဦးဇေယျာဘက်ကို တရားစွဲထားသဖြင့် ရောက်နေခြင်း။ အကြောင်းအရာ သက်သေ အထောက်အထားများစွာကို စုဆောင်းထားသမျှအကုန် တင်ပြထားပီး ဖြစ်သည်။

နှောင်းနဲ့ ပတ်သတ်သမျှ ကိစ္စတွေအကုန်သက်သေ ခိုင်လုံစွာဖြစ်သဖြင့် မငြင်းနိုင်ပေ။ ထို့ပြင် လူကုန်ကူးမှု၊ မူးယစ်ဆေးမှု၊ လူသတ်မှုအပါအဝင် စွဲချက်တွေများပြားသဖြင့် ဦးဇေယျာနှင့် ဒေါ်သင်းရနံ့ဖြူ တို့ကို ဖမ်းဆီးထားခြင်းဖြစ်သည်။ သမီးဖြစ်သူ နှင်းမြဖြူကတော့ ထွက်ပြေးလွှတ်မြောက်နေဆဲပင်။

ဦးဇေယျာရဲ့ သမီးကြီးဖြစ်သူ ဆောင်းနှင်းဖြူ ကတော့ နှောင်း ကို ကိုယ်တိုင်ကိုယ်ကျ အိမ်ထိလာတောင်းပန်ခဲ့သည်။ ဦးဇေယျာတို့ကို တရားလူကြီးက ထောင်ဒဏ် အနှစ် ၃၀ နှင့်အတူ ငွေဒဏ်ပါ ဆောင်ခိုင်းသဖြင့် သူတို့ မိသားစုတွင် ဘာဆိုဘာမှမကျန်တော့ပေ။ ဦးဇေယျာကို ခေါ်မသွားခင် စက်ဧကရာဇ် နဲ့ အတူ ဘေးနားကနှောင်းပါ တွေ့လိုက်ရသဖြင့် ဒေါပွကာ သူတို့အားအော်ဟစ်နေလေသည်။

'' မင်း.... မင်းက ဘယ်လိုလုပ် ''

'' ဦးလေး... ကျွန်တော် စိတ်... စိတ်မကောင်းပါဘူး ''

'' ဟက်...  မင်းက ငါတို့အတွက် ဂြိုလ်ဆိုးပဲ။ အရင်တည်းက မဟုတ်ဘူး ခုလည်း ဂြိုလ်ဆိုးပဲ အရာအားလုံးက မင်းကြောင့်ဖြစ်ရတာ... မင်းကို ငါကိုယ်တိုင်သတ်မယ် ''

ဆိုပီး ပြောကာ နှောင်းကို သတ်မယ်ဆိုပီး လက်ရွယ်လိုက်သည်။ နှောင်း လည်း အလန့်တကြား နောက်ကိုဆုတ်လိုက်သည်။ စက်က သူ့အား ပုခုံးကို ဖက်ထားကာ ကွယ်ပေးထားလေသည်။

ဦးဇေယျာရဲ့ လက်ကိုချုပ်နှောင်ထားတဲ့ အပြင် ရဲတွေမှလည်း သူ့လက်မောင်းကို ကိုင်ထားသဖြင့် ဘယ်လိုမှရုန်းမရ။ နောက်ဆုံး ဆွဲခေါ်ရာနောက်ကို ပါသွားလေသည်။ ဒေါ်သင်းရနံ့ဖြူ ကတော့ ဘာမျှမပြောပဲ နောက်ကလိုက်သွားလေသည်။

Soulmates (Completed)Where stories live. Discover now