I

26.8K 1.1K 31
                                    

Unicode

ရှောင်းကျန့်တစ်ယောက်ထမင်းစားနေတုန်း အိမ်ရှေ့ကဘဲလ်သံကိုကြားလိုက်ရသည်။

တီးတောင်~~တီးတောင်~~~

ရှောင်းကျန့်တံခါးဖွင့်ကြည့်လိုက်တော့ သူနေတဲ့အိမ်ရဲ့ပိုင်ရှင်အဒေါ်ကြီး။

"အဒေါ် အိမ်ထဲဝင်ပါဦး"

ရှောင်းကျန့်ရိုရိုသေသေပဲ ထိုမိန်းမကြီးကို အိမ်ထဲခေါ်သည်။ ထို‌အဒေါ်ကြီးကတော့ မျက်နှာကိုတင်းကာ အိမ်ထဲမှာဝင်ထိုင်သည်။ ရှောင်းကျန့်ငှား‌ေနတဲ့အိမ်ကအရမ်းမကျယ်တာမို့ ထမင်းစားခန်းဆိုပြီးသက်သက်မရှိ၊ မီးဖိုခန်းကလဲကျဉ်းတာကြောင့် ဧည့်ခန်းကျဉ်းကျဉ်းမှာပဲထမင်းစားရတယ်။ အိပ်ခန်းကလဲ ကုတင်တစ်လုံး ထားစရာလောက်သာကျယ်သည်။ တစ်အိမ်လုံးသူနေရာနဲ့သူအစီအစဉ်တကျရှိပေမယ့် အိမ်ကမကျယ်၊ လူနေလို့ရပြီး သူ့ပစ္စည်းတွေထားလို့ရနေ‌တာ‌ေကြာင့် ရှောင်းကျန့်အတွက်အဆင်ပြေသည်။

ဧည့်ခန်းမှာထားထားတဲ့ စားပွဲပေါ်မှာတင်ထားတဲ့ ထမင်းပန်းကန်ကိုအ‌ေဒါ်ကြီးကကြည့်နေတာကြောင့် ရှောင်းကျန့်ကမေးလိုက်သည်။

"အဒေါ်ထမင်းစားဦးမလား"

"တော်ပါ ကိုယ့်ဘာသာတောင်ဘဲဥကြော်နဲ့စားနေတာကိုခေါ်ကျွေးနေသေးတယ်"

အဒေါ်ကြီးရဲ့စကားကြောင့် ရှောင်းကျန့်ခေါင်းလေးငုံ့သွားသည်။

"လာရင်းကိစ္စပဲပြောမယ် ရှောင်းကျန့် မင်းအိမ်လခမပေးတာသုံးလရှိနေပြီကွ ငါလဲဒီရက်ပိုင်းအဆင်‌မပြေနေဘူး ငါ့အမျိုးသားကပိုက်ဆံမပို့တော့ ငါလဲသုံးစရာပျက်နေတယ် မင်းအိမ်လခကိုနေ့ရွေ့ညရွေ့လုပ်နေတာကြာပြီ"

"တောင်းပန်ပါတယ်အဒေါ် ကျွန်တော်ဒီလလစာရရင်တကယ်အ‌ေဒါ့်ကိုပေးပါ့မယ် နည်းနည်းလောက်ကျွန်တော့်ကိုအချိန်လေးပေးပါ ကျွန်တော်လဲတကယ်အားနာပါတယ်"

"မင်းအလုပ်ကထုတ်ခံလိုက်ရတယ်မလား"

"ဟုတ်ကဲ့"

"အဲဒါကိုငါကဘယ်လိုစောင့်ရမှာလဲ ငါလဲတကယ်မရှိနေဘူးကွ"

"ကျွန်တော်အလုပ်တစ်ခုရထားပါတယ် သေချာပေါက်ပေးပါ့မယ်"

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now