XIV

8.1K 741 99
                                    

Unicode

ရှောင်းကျန့်နေ့ခင်းဘက်ပျင်းပျင်းနဲ့ ဧည့်ခန်းမှာထိုင်ပြီး မုန့်စားကာ radioနားထောင်မလို့လုပ်သည်။ radioလိုင်း‌ေတွတစ်ခုပြီးတစ်ခု‌ေပြာင်း‌ေနရင်း သတင်းကြော်ငြာနဲ့တိုးသွားတယ်။ နည်းနည်းနားထောင်လိုက်တဲ့နောက်မှာသူစိတ်ဝင်စားသွားတာမို့ လိုင်းကိုမပြောင်းတော့ပဲ ဆက်‌နားထောင်လိုက်သည်။

📻**မြို့ရဲ့နှစ်စဥ်ကျင်းပနေကြဖြစ်တဲ့ ညဈေးပွဲတော်ဟာဆိုရင် ယခုနှစ်ရဲ့နှစ်ရက်‌ေမြာက်‌ေန့မှာလဲ ယခင်နှစ်တွေလိုပဲ လူအများအပြားလာရောက်လာပတ်နေကြတုန်းပါပဲ ဒီနေ့ညနောက်ဆုံးနေ့ဖြစ်တာကြောင့် ပြည်သူများ××××××××××××××××××📻

ရှောင်းကျန့်သတင်းကိုနားထောင်ရင်းပြုံးလိုက်တယ်။ သူအိမ်ကလူကိုပြောပြီး နှစ်ယောက်တူတူdateရမယ်။ သူတို့တူတူအပြင်မထွက်ရတာကြာပြီမလား။ ရိပေါ်ကခုနောက်ပိုင်းမြို့တော်‌ေကာင်းမွန်ရေးတွေကိုပဲ လိုက်ပြီးလုပ်ဆောင်နေရတာမို့ အတော်လေးပင်ပန်းနေတာ၊ သူနဲ့တူတူdateရင်း အိမ်ကလူပင်ပန်းနေတာကို လျော့ချပေးရမယ်။

ရှောင်းကျန့်ထိုသတင်းပြီးသွားတာနဲ့ တခြားလိုင်းလှည့်ကာ နားထောင်နေလိုက်သည်။ ခနနေတော့ ဖုန်းမြည်လာတာကြောင့် ရှောင်းကျန့်ထကိုင်လိုက်တယ်။

"ဟယ်လို"

☎️ရှောင်းကျန့်☎️

"အေး မန်ထယ်ဘာလဲ"

☎️ငါဒီနေ့ ညဈေးပွဲတော်သွားမလို့ မင်းလိုက်ဦးမလား ဟိုကောင်တွေကလဲခေါ်မရဘူး ရှင်းရုံကလဲ သူ့ယောက်ျားနဲ့သွားမလို့တဲ့☎️

"အာ.. ငါလဲအိမ်ကလူနဲ့သွားမလို့"

☎️အော် ဟုတ်လား အေးရတယ် ဒါဆိုပြီးရောလေ☎️

"မန်ထယ် အဆင်ပြေလို့လား"

☎️ပြေပါတယ် ဘာမှမဖြစ်ဘူး ကဲကဲအာ့ဆိုလဲဒါပဲကွာ ငါဆိုင်ကြည့်လိုက်ဦးမယ်☎️

မန်ထယ်ကပြောပြီး‌ဖုန်းချသွားသည်။ ရှောင်းကျန့်လဲသက်ပြင်းချလိုက်တယ်။ သူလဲသူငယ်ချင်းတေ‌ွနဲ့သွားချင်ပါတယ်။ ဒါပေမယ့် ရိပေါ်ပင်ပန်းနေတာသက်သာဖို့ကို သူဦးစားပေးရမှာပဲ။ ရှောင်းကျန့် radioလဲနားထောင်ချင်စိတ်မရှိတော့တာမို့ radioကိုပိတ်လိုက်ပြီး အိမ်ပေါ်တက်ကာ အိပ်လိုက်တော့သည်။

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်On viuen les histories. Descobreix ara