XIII

8.5K 839 65
                                    

Unicode

ရိပေါ်မြို့သူမြို့သားတွေကပို့ပေးထားတဲ့စာတွေကို ဖတ်နေပေမယ့်စိတ်ထဲမရှိ။ အခုသူ့စိတ်ထဲမှာတစ်ခုပဲကြီးစိုးနေတယ်၊ အဲဒါနောက်တစ်ပတ်ရောက်မယ့် ရှောင်းကျန့်ရဲ့မွေးနေ့ကိုသူဘာပေးရမလဲဆိုတာပဲ။ ရိပေါ်ကငယ်ငယ်ထဲကနေအခုထိ ရှောင်းကျန့်ကိုတစ်ခါသာမွေးနေ့လက်ဆောင်ပေးဖူးသေးသည်။ အဲဒါကလဲ ရှောင်းကျန့်အသက်၁၅နှစ်ပြည့်တုန်းကပေးခဲ့တာ၊ လက်ဆောင်ကတော့ရိုးရိုးရှင်းရှင်း ဆွယ်တာအင်္ကျီလေး ရာသီဥတုကအေးလာမှာကြောင့် ရှောင်းကျန့်ကိုအအေးမခံရအောင် ရိပေါ်ပေးခဲ့ပေမယ့် ရှောင်းကျန့်ကတော့ သူ့လက်ဆောင်ကိုတန်ဖိုးမထားပဲ တခြားတစ်ယောက်ကိုပေးပစ်ခဲ့သည်။ အဲနောက်ပိုင်း သူပေးလဲရှောင်းကျန့်အတွက်အသုံးမလိုဖြစ်မှာဆိုးလို့ သူမပေးဖြစ်တော့ဘူး။

အခုကတော့ပေးရတော့မယ်၊ ရိပေါ်နဲ့ရှောင်းကျန့် တစ်ယောက်နဲ့တစ်ယောက်ချစ်ခဲ့တာ ခုဆို5လကျော်နေပြီ။ ရိပေါ်ရဲ့လက်ဆောင်ကိုရှောင်းကျန့်ကဘာပဲဖြစ်ဖြစ်တန်ဖိုးထားမှာပဲ။ ရိပေါ်အလုပ်ကပြန်လာလို့ လမ်းမှာတွေ့တဲ့မုန့်ကို ရှောင်းကျန့်ကြိုက်မှာပဲဆိုပြီး ဝယ်ပေးလာတာတောင် ရှောင်းကျန့်ကသူ့ဖို့သတိတရဝယ်လာတာနဲ့တင် သူကျေနပ်တယ်တဲ့လေ။ ဒါကြောင့် ရိပေါ်ပိုစဉ်းစားရတော့မယ်၊ ရှောင်းကျန့်အတွက်ပျော်သွားစေမယ့်သူ့ရဲ့လက်ဆောင်။ ရိပေါ်ရုံးခန်းအပြင်က သူ့အတွင်းရေးမှူးကိုလှမ်းခေါ်လိုက်သည်။ အတွင်းရေးမှူးရောက်လာတော့ ရိပေါ်ကပို့ထားတဲ့စာတွေအထပ်လိုက်ကို အတွင်းရေးမှူးကိုပေးလိုက်ပြီး

"အတွင်းရေးမှူးဖန်း ဒါတွေကိုဖတ်ပြီး လိုအပ်မယ့်အရာကိုဖြည့်ပေးလိုက်ပါ ကျုပ်စဉ်းစားစရာလေးရှိနေလို့"

"ဟုတ်ကဲ့မြို့ပိုင်မင်း"

အတွင်းရေးမှူးကသူ့ကိုပေးလာတဲ့စာတွေကို ယူလိုက်ပြီး ထွက်သွားမလို့ပြင်တော့ ရိပေါ်ကပြန်ခေါ်လိုက်သည်။

"အတွင်းရေးမှူးဖန်း ကိုယ်တန်ဖိုးထားရတဲ့သူကိုမွေးနေ့မှာဘာလက်ဆောင်ပေးရင်ကောင်းမလဲဗျ"

အတွင်းရေးမှူးက မြို့ပိုင်မင်းကတော်ကိုပြောချင်တာပဲဆိုတာအတတ်သိတာမို့

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now