III

10.4K 1K 26
                                    

Unicode

ညမိုးချုပ်ချိန်တွင် ရှောင်းကျန့်အခန်းရဲ့ဝရံတာမှာထွက်ထိုင်ပြီးစာအုပ်ထိုင်ဖတ်နေသည်။ ဒီခေတ်ကစာအုပ်တွေကို အတော်လေးကောင်းတယ်။ ဒီအခန်းမှာတော့ စာအုပ်စင်မရှိပေမယ့် အိပ်ခန်းနဲ့တစ်ခန်းကျော်အခန်းကတော့ စာအုပ်စင်တွေပတ်လည်နဲ့ အခန်းရဲ့ပြတင်းပေါက်နေရာမှာ စားပွဲခုံချထားပြီး ထိုစားပွဲပေါ်မှာလက်နှိပ်စက်တစ်လုံးနဲ့ဖိုင်တစ်ထပ်ကြီးရှိနေသည်။ ရှောင်းကျန့်လဲ လက်နှိပ်စက်ကုိ နှိပ်ကြည့်ချင်ပေမယ့် အရေးကြီး‌တာတွေဖြစ်နေမှာဆိုးလို့ မထိရဲပဲ စာအုပ်စင်ပေါ်ကလိုချင်တဲ့စာအုပ်တစ်အုပ်သာယူပြီးထွက်လာလိုက်သည်။

အခန်းဝရံတာရဲ့ကြမ်းပြင်မှာထိုင်ချပြီး စာထိုင်ဖတ်နေတာ နေလို့ကောင်းသည်။ ကြမ်းပြင်ကလဲအေး လေကလဲတဖြူဖြူးတိုက်နေတာမို့ အတော်လေးနေလို့ထိုင်လို့ကောင်းတယ်။ ရုတ်တရက်ကားသံကြားလို့ ထိုင်ရက်နဲ့ပဲ ဝရံတာရဲ့လက်တန်းသစ်သားတိုင်လေးတွေကြားထဲကနေလှမ်းကြည့်လိုက်တော့ အရင်ခေတ်ကားပေါ်ကနေ စတိုင်ကျစွာဆင်းလာတဲ့ သူနဲ့လက်ထပ်ထားတယ်ဆိုတဲ့ မြို့ပိုင်မင်းဝမ်ရိပေါ်။ ရှောင်းကျန့်လဲ ကြည့်မနေတော့ပဲ သူ့စာအုပ်သာသူဖတ်လိုက်သည်။

ဝမ်ရိပေါ်အိမ်ထဲဝင်တော့ ကြီးတော်မေကမီးဖိုခန်းကထွက်လာပြီး

"သခင်ကြီး ပြန်ရောက်ပြီလား"

"ဟုတ်ကဲ့"

ရိပေါ် အိမ်ပေါ်တက်မလို့ပြင်တော့ ကြီးတော်မေကပြောလာသည်။

"သခင်ကြီး သခင်လေးကဒီနေ့အပြင်မသွားဘူး အိမ်မှာပဲ"

"ဟုတ်လား ထူးထူးဆန်းဆန်းပဲနော့"

ရိပေါ်ကပြောပြီးတာနဲ့ အိမ်ပေါ်တက်သွားသည်။ ရိပေါ်အခန်းထဲဝင်တဲ့ချိန် ကြည့်လိုက်တော့ ရှောင်းကျန့်ကိုမတွေ့။ အတင်းလိုက်ရှာနေတာတော့မဟုတ်ပေမယ့် အိမ်မှာရှိနေ‌တယ်ဆိုတော့ရှာမိတာ နောက်ဆုံးတွေ့လိုက်‌ေတာ့ ဝရံတာကြမ်းပြင်မှာထိုင်ပြီး စာထိုင်ဖတ်နေသည်။ ထူးဆန်းစွာပဲစာဖတ်‌ေနတဲ့အပြင် ကြမ်းပြင်မှာပါထိုင်‌ေနတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်အနားသွားပြီးကြည့်လိုက်တော့ သူ့စာအုပ်စင်က ဘာသာပြန်စာအုပ်ကိုထိုင်ဖတ်နေတာပဲ။ ရိပေါ်မျက်မှောင်ကြုံ့လိုက်သည်။ ရိပေါ်ကသူ့စာကြည့်ခန်းကိုဝင်တာလုံးဝမကြိုက်၊ ရှောင်းကျန့်ကလဲသူ့(ရိပေါ်)စာကြည့်ခန်းထဲကိုဝင်တာကိုမကြိုက်မှန်းသိသည်။ ရှောင်းကျန့်ကိုယ်တိုင်ကလဲစာအုပ်တွေမကြိုက်တာမို့ သူ့စာကြည့်ခန်းကုိခြေဦးတောင်မလှည့်။ ခုမှသူ့စာကြည့်ခန်းကိုဝင်ရုံမဟုတ် စာအုပ်ပါယူဖတ်နေသေးသည်။ ရိပေါ်‌ေမးလိုက်သည်။

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now