XV

7.9K 729 53
                                    

Unicode

ရိပေါ်စာကြည့်ခန်းကစားပွဲမှာထိုင်ပြီး အတော်ကုိစိတ်ညစ်နေသည်။ နောက်နှစ်ရက်နေရင် ဟောပြောပွဲတွေအတွက် သူခရီးထွက်ရတော့မယ်။ အချိန်ကလဲသုံးပတ်တောင်ကြာမှာလေ။ သူရှောင်းကျန့်နဲ့တစ်ရက်လေးတောင်ခွဲနိုင်တာမဟုတ်။ ရှောင်းကျန့်သာသိရင်လဲ စိတ်ဆိုးနိုင်သေးတယ်။ စိတ်ဆိုးတာထပ် သုံးပတ်တောင်ကြာမှာမို့ ဝမ်းနည်းပြီးငိုသွားမှာ ရိပေါ်အတော်ကိုစိုးရိမ်ရတယ်။ ရှောင်းကျန့်ကအစထဲကသူ့ကိုတွယ်ကပ်တတ်တဲ့ကလေးမလား။ ရိပေါ်သက်ပြင်းသာချလိုက်မိတယ်။

သူ့အနောက်ဘက်ကပြတင်းပေါက်တံခါးကိုတွန်းဖွင့်လိုက်ပြီး အံဆြဲထဲက ဆေးလိပ်ဘူးကိုယူလိုက်သည်။ ဆေးလိပ်သံဘူးကိုဖွင့်ကာ ဆေးလိပ်တစ်လိပ်ထုတ်လိုက်ပြီး နှုတ်ခမ်းမှာတေ့ကာ မီးခြစ်ကိုအံဆွဲထဲမှာ လိုက်ရှာလိုက်တယ်။ တွေ့သွားတော့ယူလိုက်ပြီး မီးခြစ်၍မီးညှိလိုက်သည်။ သူဆေးလိပ်မသောက်တာအတော်ကိုကြာနေပြီ။ အရင်ကစိတ်ဖိစီးမှုတွေများလို့ နေ့တိုင်း‌နီးပါးသောက်ဖြစ်ပေမယ့် ရှောင်းကျန့်မျက်နှာလေးမြင်ပြီး ရယ်သံလေး‌ကြားတာနဲ့သူ့စိတ်ထဲပျော်ရွင်နေရလို့ ထိုဆေးလိပ်တို့ကိုဂျောင်ထိုးထားတာကြာပေါ့။ အခုတော့သူစိတ်ညစ်နေတာမို့ ယူသောက်လိုက်သည်။

ဆေးလိပ်ငွေ့တို့ကို မော့ကာမှုတ်ထုတ်ရင်း သူ့အသက်လေးကိုဘယ်လိုပြောရမလဲ စဉ်းစားနေမိသည်။ မကြာပါ ရှောင်းကျန့်ကနွားနို့ခွက်လေးကိုင်ပြီး စာကြည့်ခန်းထဲဝင်လာသည်။ ရိပေါ်ကလဲ ရှောင်းကျန့်ကိုမြင်တာနဲ့

"လာလေအသက် ကျုပ်ပေါင်ပေါ်လာထိုင်"

ရှောင်းကျန့်ကနွားနို့တစ်ငုံလောက်သောက်လိုက်ပြီး ခွက်ကိုစားပွဲပေါ်တင်လာကာ ရိပေါ်ရဲ့ပေါင်ပေါ်ကို မျက်နှာချင်းဆိုင်ခွထိုင်‌လိုက်သည်။ ရိပေါ်ကလဲ လက်တစ်ဖက်ကဆေးလိပ်ကိုင်ထားတာမို့ ရှောင်းကျန့်မထိမိအောင် လက်ကိုထောင်ထားရသည်။ နောက်လက်တစ်ဖက်ကလဲ ရှောင်းကျန့်ကိုတင်ပါးကနေထိန်းကိုင်ထားရသေးသည်။ ရှောင်းကျန့်ကသူ့နှုတ်ခမ်းမှာပေနေတဲ့ နွားနို့တစ်ချို့ကို လျှာနဲ့သပ်လိုက်ပြီး ရိပေါ်ကိုမျက်စောင်းလေးချီကြည့်ကာ

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now