XVII

8K 642 51
                                    

Unicode

ရိပေါ်အိမ်ပြန်မလာတာတောင် နှစ်ရက်ရှိပြီ။ ရိပေါ်ကရှောင်းကျန့်စီကိုဖုန်းဆက်ကာလှမ်းသတိပေးခဲ့တယ်။ သူအလုပ်ရှုပ်နေလို့ ဒီနှစ်ရက်လောက်တော့ ရုံးခန်းမှာပဲအိပ်ရမယ်ဆိုတဲ့အကြောင်း။ ရှောင်းကျန့်ကတော့ဒီရက်ပိုင်း အပျင်းတစ်လိုက် စာဖတ်လိုက်ပါပဲ။ တခါတလေတွေးမိတယ်၊ သူဒီမှာလာအပန်းဖြေနေရတာလားလို့။ သူအရွယ်ရောက်တဲ့အထိ နားနားနေနေ နေခဲ့ရတယ်ဆိုတာ မရှိသလောက်ကိုရှားခဲ့တာလေ။ အခုလိုစားစရိတ်လဲမပူရ နေစရိတ်လဲမပူရ ပိုက်ဆံအတွက်လဲမပူရ အေးအေးဆေးဆေးနေရုံလေးပဲ။ ဒီလိုဘဝကိုသူမလိုချင်ဘူးဆို သူရူးနေလို့ပဲ။ တခါတလေဒီခန္ဓာကိုယ်က သူ့အပိုင်ဖြစ်ရင်ကောင်းမယ်လို့ လောဘတက်မိတာတော့ အမှန်ပဲ။

ညနေစောင်းချိန်တွင် ရှောင်းကျန့်ခြံထဲကမြက်ခင်းပြင်မှာစာထိုင်ဖတ်နေတုန်း ခြံထဲကိုကားတစ်စီးဝင်လာသည်။ ရှောင်းကျန့်ကားသံကြားလို့ လှမ်းကြည့်လိုက်တော့ ရိပေါ်ရဲ့ကားဖြစ်နေတာကြောင့် ကားရပ်မှာကို ထိုင်ကြည့်နေလိုက်သည်။ ရိပေါ်ကခြံထဲမှာ သူ့ကိုတွေ့တော့ အိမ်ထဲမဝင်တော့ပဲ ရှောင်းကျန့်ဆီကိုတန်းလျောက်လာတယ်။ ရှောင်းကျန့်ကလဲ လက်ကိုဆန့်တန်းကာ ရိပေါ်လာဖက်မှာကို ပြုံးပြီးစောင့်နေလိုက်သည်။ ရိပေါ်ကရှောင်းကျန့်နားရောက်တော့ ဒူးထောက်ထိုင်ချလိုက်ပြီး ဖက်စေချင်နေတဲ့သူ့အသက်လေးကို တင်းနေအောင်ဖက်ထားလိုက်သည်။ ဒီနှစ်ရက်လုံးသူလွမ်းနေတာ။

"အသက်ရာ လွမ်းလိုက်တာ.."

"ကျွန်တော်ရောပဲ.."

ရိပေါ်ကဖက်ထားရာကနေလွှတ်လိုက်ပြီး ရှောင်းကျန့်ရဲ့ပါးနှစ်ဖက်ကိုအုပ်ကိုင်ကာ နှုတ်ခမ်းလေးကို တဖွဖွနဲ့ ခနခနနမ်းနေတယ်။ ရှောင်းကျန့်မှာတော့ ပြုံးပြုံးလေးပဲ ငြိမ်ခံနေသည်။ ရိပေါ်ကနှုတ်ခမ်းကိုနမ်းရတာဝသွားတော့ နဖူးကိုအကြာကြီးဖိကပ်နမ်းကာ ရှောင်းကျန့်ရဲ့မျက်လုံးတို့ကိုစိုက်ကြည့်နေတယ်။ ရှောင်းကျန့်လဲပြုံးကာ ရိပေါ်ရဲ့နှုတ်ခမ်းလေးကို ဖိပြီးနမ်းလိုက်ကာ လွှတ်လိုက်သည်။

"အိမ်ပေါ်တက်ကြမယ်လေ ရေချိုးတော့မယ်မလား"

"အင်း ကျုပ်ရေချိုးချင်နေပြီ"

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now