XXII

5.8K 555 25
                                    

Unicode

ရှောင်းကျန့်ဒီနေ့နေသိပ်မကောင်းချင်ဘူး။ ဟိုတစ်နေ့ကရိပေါ်အလုပ်သွားတုန်း ဘာစိတ်ကူးပေါက်သွားမှန်းမသိ ရှောင်းကျန့်တစ်ယောက်ထဲမိုးရေချိုးချင်လာလို့ ဝရံတာမှာတစ်ယောက်ထဲမိုးရေထွက်ချိုးလိုက်တာ။ မိုးတိတ်သွားတော့လဲ ကိုယ့်ကိုကိုယ်သေချာဂရုမစိုက်မိလိုက်ဘူး။ အခုတော့ဖျားချင်နေပြီ။ ရိပေါ်သာသိရင် သူအဆူခံရမှာမို့ တိတ်တိတ်လေးသာနေလိုက်တယ်။ ရိပေါ်နဲ့ရှောင်းကျန့်မနက်စာတူတူစားနေကြတုန်း ရိပေါ်ကရှောင်းကျန့်ကိုကြည့်ပြီး

"ဘာဖြစ်နေတာလဲအသက် မျက်နှာကမလန်းဘူး နေမကောင်းဘူးလား"

ရိပေါ်ရဲ့လက်ကရှောင်းကျန့်ပေါ်ရောက်လာတာမို့ ရှောင်းကျန့်မျက်လုံးပြူးသွားသည်။

"ကိုယ်နွေးနေတယ် အသက်ဖျားနေတာလား"

"မဟုတ်ပါဘူးအိမ်ကလူရဲ့ ရေနွေးနဲ့ရေချိုးထားလို့အသားကနွေးနေတာပါ အိမ်ကလူစိတ်ထင်လို့ပါ ကျွန်တော်နေကောင်းပါတယ်"

ရိပေါ်ကမျက်မှောင်ကြုတ်ကာ မယုံသလိုကြည့်နေတော့ ရှောင်းကျန့်သွားဖြဲကာရယ်ပြလိုက်ပြီး

"အိမ်ကလူကလဲ တကယ်ပါဆိုနေ"

ရှောင်းကျန့်ရဲ့ခပ်ချွဲချွဲအသံကြောင့် ရိပေါ်သက်ပြင်းချလိုက်ပြီး ရှောင်းကျန့်ရဲ့ခေါင်းလေးကိုပုတ်လိုက်တယ်။

"အင်းပါ တစ်ခုခုဆိုကျုပ်ကိုပြောနော် စိတ်ပူရအောင်မလုပ်ပါနဲ့"

"ဟုတ်ကဲ့ပါ"

ရှောင်းကျန့်ငြိမ်ငြိမ်လေးသာနေလိုက်သည်။ ရိပေါ်သူ့ကိုစိတ်ပူတာသိသိကြီးနဲ့ သူ့ဆန္ဒတွေပဲရှေ့တန်းတင်နေမိတာ။ မနက်စာစားပြီးတော့ ရိပေါ်ကမြို့ပိုင်မင်းတွေနဲ့အရေးကြီးအစည်းအဝေးရှိတယ်ဆိုကာ ရှောင်းကျန့်ရဲ့နဖူးလေးကိုနမ်းပြီးထွက်သွားသည်။ ရိပေါ်ထွက်သွားတာနဲ့ ရှောင်းကျန့်လဲအခန်းထဲပြန်သွားပြီး ကုတင်ပေါ်တက်စောင်ခြုံကာကွေးနေလိုက်သည်။

မနက်ထဲကနေ နေ့ခင်းဘက်ထိအောက်မဆင်းလာတဲ့ရှောင်းကျန့်ကြောင့် ကြီးတော်မေတစ်ခုခုများဖြစ်နေမလားဆိုတဲ့စိတ်နဲ့ အပေါ်သို့တက်လာလိုက်သည်။ တံခါးခေါက်တော့လဲပြန်မထူးတာမို့ ကြီးတော်မေကိုယ့်ဘာသာဖွင့်လိုက်တော့ ကုတင်ပေါ်မှာအိပ်နေတဲ့ရှောင်းကျန့်ကြောင့် ကြီးတော်မေစိတ်အေးသွားတယ်။ ကြီးတော်မေအခန်းထဲကပြန်ထွက်မလို့ပြင်တဲ့အချိန်မှာ ရှောင်းကျန့်ဆီကညီးသံသဲ့သဲ့ကိုကြားလိုက်ရတာမို့ ကြီးတော်မေအခန်းထဲဝင်ပြီး ရှောင်းကျန့်နားသွားကာ ရှောင်းကျန့်ရဲ့နဖူးလေးပေါ်လက်တင်လိုက်တော့  နဖူးပေါ်မှာကြက်ဥကြော်လို့ရလောက်တဲ့ထိ ပူကျစ်နေတာပဲ။ ကြီးတော်မေလဲစိုးရိမ်သွားပြီး ရှောင်းကျန့်ကိုလှုပ်နှိုးတော့ အင်းအဲသာလုပ်ပြီးမျက်လုံးဖွင့်မကြည့်လာတာမို့ ကြီးတော်မေအောက်ထပ်ကိုပြေးဆင်းလာပြီး ရိပေါ်ရုံးကိုဖုန်းလှမ်းဆက်လိုက်တယ်။

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now