XIX

6.6K 563 23
                                    

Unicode

နေ့လည်ဘက် ရှောင်းကျန့်ဧည့်ခန်းမှာ radioနားထောင်နေတုန်း ဖုန်းမြည်သံကြားတော့ ထကိုင်လိုက်သည်။

"ဟယ်လို"

☎️ဟယ်လို အသက်☎️

"ဟုတ်ကဲ့ အိမ်ကလူ ပြော"

☎️အသက် ကျုပ်ဒီနေ့ညပါတီသွားစရာရှိတယ်☎️

"အင်း သွားလေ"

☎️အဲဒါအသက်လိုက်ခဲ့မလား☎️

"ကျွန်တော်လိုက်လို့ဖြစ်ရဲ့လား အိမ်ကလူနဲ့သိတဲ့သူတွေကအဘိုးကြီးတွေ ကျွန်တော်ပျင်းနေမှာပေါ့"

ရှောင်းကျန့်စကားကြောင့် ရိပေါ်ကရယ်ပြီး

☎️အသက်ရာ ကျုပ်နဲ့သိတာလူငယ်လေးတွေလဲရှိပါတယ်ဗျ ခဗျားသူငယ်ချင်းတွေလဲလာမယ်ထင်တယ် ပါတီလုပ်မယ့် ယန်အိမ်တော်ကသူ့သားယန်သခင်လေးရှိတော့ အသက်သူငယ်ချင်းတွေလဲလာကြလိမ့်မယ်☎️

"ဟုတ်လား အဲဒါဆိုကောင်းတာပေါ့ မန်ထယ်တို့နဲ့တောင်မတွေ့တာကြာပြီ"

☎️အသက်က အိမ်ထဲကမှမထွက်တာကိုဗျ☎️

"ခဗျားကကော လိုက်ပို့လို့လား"

☎️အသက်ပို့ခိုင်းတဲ့အချိန် ကျုပ်မှမအားပဲအသက်ရယ်☎️

"ခဗျားကိုပြောလိုက်ရင်အဲလိုကြီးပဲ ကျွန်တော့်ထပ်အလုပ်ကိုပိုချစ်နေတာ သွား လာမခေါ်နဲ့"

ရှောင်းကျန့်ကစိတ်ဆိုးပြီး ဘုဆက်ဆက်တွေပြောနေတော့ ရိပေါ်တစ်ဖက်ကနေခိုးပြုံးလိုက်တယ်။ သူ့အသက်ကစိတ်ဆိုးပြီး ဘုဆက်ဆက်ပြောရင်တောင် ချစ်စရာလေး။

☎️အသက်ရာ မဆိုးပါနဲ့ ကျုပ်အသက်ကိုအရမ်းချစ်တာသိရဲ့သားနဲ့ အလုပ်ကိုပိုချစ်တာမဟုတ်ရပါဘူး ကျုပ်ပြန်ကြည့်ပေးရမယ့်ပြည်သူတွေရှိသေးတယ်လေဗျာ☎️

"မြို့ပိုင်မင်းကို လင်တော်ထားရတာကောင်းကိုမကောင်းဘူး"

ရိပေါ်အဲတော့မှရယ်သံလေးထွက်လာပြီး

☎️အသက်ကတော့ သိပ်ဆိုးတာပဲ ဒါဆိုည၇နာရီကျုပ်လာခဲ့မယ်နော် ပြင်ထားလိုက်အသက် ချစ်တယ်☎️

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now