XII

8.5K 817 60
                                    

Unicode

ရိပေါ်နဲ့ရှောင်းကျန့် ဒီနေ့မိဘမဲ့ဂေဟာကိုသွားမယ်ဆိုပြီး ချိန်းထားတာမို့ ရိပေါ်မနက်အစောထပြီး ပြင်ဆင်နေပြီ။ ရှောင်းကျန့်ကတော့အိပ်ကောင်းတုန်း။ ရိပေါ်ကဘယ်တော့မှရှောင်းကျန့်ကိုမနှိုးဘူး၊ ရှောင်းကျန့်အိပ်ချင်သလောက်ထိအိပ်ခိုင်းတတ်တယ်။ ရိပေါ်အဝတ်အစားဝတ်ပြီး ပြင်ဆင်ပြီးတာနဲ့ နောက်ဆုံးအနေနဲ့ ရေမွှေးစွတ်လိုက်သည်။ ရှောင်းကျန့်အိပ်နေရင်း ရေမွှေးနံ့သင်းသင်းလေးကိုရလိုက်တာမို့ နိုးလာသည်။ အပျင်းကြောဆန့်ကာ မျက်လုံးဖွင့်ကြည့်လိုက်တော့ ရိပေါ်ကသူ့ကိုကြည့်နေပြီး

"နိုးပြီလား ဒါဆိုရေချိုးတော့လေ ကျုပ်အောက်မှာစောင့်နေမယ်"

ရှောင်းကျန့်ကခေါင်းငြိမ့်ပြလိုက်တော့ ရိပေါ်ကအခန်းထဲကထွက်ခါနီးပြန်လှည့်ကာ

"ရေအကြာကြီးမချိုးနဲ့နော် ဖျားမယ်"

"အင်းပါ"

ရိပေါ်ကသတိပေးပြီးတာနဲ့အောက်ဆင်းသွားပြီ။ ရှောင်းကျန့်လဲအိပ်ရာကမထချင်ပဲ အပျင်းတစ်နေတာကို အမြန်ဖျောက်ပြီး နောက်တစ်ခေါက် အကြောထပ်ဆန့်လိုက်ကာ အိပ်ရာကထပြီး အိပ်ရာသိမ်းလိုက်သည်။ ရိပေါ်ကရှောင်းကျန့်ကို အိပ်ရာမသိမ်းနဲ့ အိမ်ကအိမ်စေကလေးမတွေလုပ်လိမ့်မယ်လို့ပြောလဲ ရှောင်းကျန့်ကလုပ်နေကြအတိုင်းပါပဲ။

ရှောင်းကျန့်လဲ ရေချိုးပြင်ဆင်ပြီးတာနဲ့ အောက်ကိုဆင်းလာလိုက်သည်။ ထမင်းစားခန်းထဲမှာရိပေါ်မရှိတာမို့ ကြီးတော်မေကိုမေးလိုက်တယ်။

"ကြီးတော်မေ အိမ်ကလူရော"

"သခင်ကြီးက ခြံထဲမှာကလေးတွေအတွက် မုန့်တွေကားထဲထည့်ဖို့ အလုပ်သမားတွေကိုခိုင်းနေတယ် သခင်လေး"

"ဟုတ်လား ဒါဆို ကျွန်တော်သွားကြည့်လိုက်ဦးမယ်"

ရှောင်းကျန့်ခြံထဲကိုထွက်လာခဲ့လိုက်ပြီး ရိပေါ်ရပ်နေတဲ့အနောက်ကိုသွားလိုက်တယ်။ ရိပေါ်ရဲ့အင်္ကျီစလေးကိုနှစ်ချက်လောက်ဆွဲလိုက်ပြီးခေါ်တော့ ရိပေါ်ကလှည့်ကြည့်လာသည်။ ပြီးနောက် ရိပေါ်ကရှောင်းကျန့်ရဲ့ကျောလေးပေါ်လက်တင်လိုက်ပြီး သူ့ဘေးကိုဆွဲခေါ်သည်။

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now