XVIII

7.5K 625 25
                                    

Unicode

မနက်နိုးလာတော့ရှောင်းကျန့်နုံးချိချိဖြစ်မနေဘူး၊ ကြည့်ရတာအိမ်ကလူညကတစ်ခါထဲသန့်ရှင်းပေးပြီး သူ့ကိုအင်္ကျီပါဝတ်ပေးထားပုံရတယ်။ သူ့ကိုအနောက်ကနေဖက်ထားတဲ့ရိပေါ်ကြောင့် ခန္ဓာကိုယ်ကိုရိပေါ်ဘက်ကိုလှည့်လိုက်သည်။ သူ့လှည့်လိုက်တဲ့တစ်ခန အောက်ပိုင်းကနာသွားတာမို့ ရှောင်းကျန့်မျက်နှာရှုံ့မဲ့လို့၊ သို့ပေမယ့် အိပ်မောကြနေတဲ့ရိပေါ်မျက်နှာလေးကို မြင်လိုက်တော့လဲ သူနာသွားတာကဘာမှမဟုတ်တော့သလိုပဲ။ ရှောင်းကျန့်အိပ်ပျော်နေတဲ့ရိပေါ်ကြည့်ပြီး ပြုံးလိုက်တယ်။ ရိပေါ်ရဲ့ပါးလေးပေါ် သူ့လက်လေးနဲ့အုပ်ကိုင်လိုက်ပြီး ရိပေါ်ရဲ့နှုတ်ခမ်းလေးကို ဖွဖွလေးနမ်းလိုက်သည်။ ချစ်တဲ့သူနဲ့အတူနေပြီး မိုးလင်းလို့ကိုယ်ချစ်တဲ့သူကဘေးနားမှာရှိနေရင် ဒီလိုခံစားချက်မျိုးဆိုတာ သူသိလိုက်ရတယ်။ ရှောင်းကျန့်ပြန်ပြီးရိပေါ်ရဲ့ရင်ခွင်ထဲကိုတိုးဝင်ကာ ဘာအကာအကွယ်မှာမရှိနေတဲ့ ရိပေါ်ရဲ့ရင်ဘတ်ကိုတစ်ဖွဖွနမ်းနေလိုက်သည်။ ခနနေတော့ ရိပေါ်ကနိုးလာကာ မျက်လုံးတောင်မဖွင့်သေးပေမယ့် နှုတ်ခမ်းတို့ကတော့ ပြုံးနေပြီ။ ရိပေါ်ရှောင်းကျန့်ကိုတင်းနေအောင်ဖက်လိုက်တော့ အ့ခနဲအသံထွက်လာတာမို့ ရိပေါ်ရှောင်းကျန့်ရဲ့ကျောပြင်လေးကိုပွတ်ပေးကာ ခေါင်းလေးကိုလဲနမ်းနေလိုက်တယ်။

ခနနေတော့ ရှောင်းကျန့်ကရိပေါ်ကိုမော့ကြည့်ပြီး အိပ်ရာနိုးတာမကြာသေးတာမို့ အိပ်ချင်မူးတူးလေသံဖြင့် တိုးတိုးလေးပြောလိုက်သည်။

"အိမ်ကလူ.. မနက်စာစားပြီးရင် ကမ်းခြေမှာလမ်းလျောက်ကြမယ်လေ"

"အင်း သွားကြတာပေါ့ အသက်လမ်းလျောက်နိုင်ရဲ့လား"

ရိပေါ်အမေးကြောင့် ရှောင်းကျန့်မှာရှက်ပြီး မျက်နှာလေးရဲသွားပြီး ခေါင်းငုံ့လိုက်ကာ ရိပေါ်ကိုခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။

"အင်း လျောက်နိုင်မှာပါ"

"ကျုပ်တော့မထင်ဘူး"

ရိပေါ်ကပြုံးပြီးပြောကာ ရှောင်းကျန့်ကိုရင်ခွင်ထဲပြန်ဆွဲထည့်ကာဖက်ထားလိုက်သည်။ သူတို့နှစ်ယောက်အိပ်ရာမထသေးပဲ ခနလောက်အပျင်းတစ်ပြီးတာနဲ့ ရှောင်းကျန့်အရင်ထသွားသည်။ ရှောင်းကျန့်ထထိုင်လိုက်တုန်းကလဲ ဆစ်ခနဲ၊ လမ်းလျောက်နေရင်းလဲ နာလာတာကြောင့် မျက်နှာလေးရှုံ့မဲ့ကာ မျက်ရည်ကကျချင်နေပြီ။ ညပိုင်းခံစားချက်နဲ့မနက်နိုးလာတဲ့ခံစားချက်ကတူကိုမတူတာ။ ရှောင်းကျန့်တကယ်ငိုချင်လာတာမို့ အနောက်ကိုဖြေးဖြေးချင်းလှည့်ကာရိပေါ်ကိုကြည့်လိုက်တော့ ရိပေါ်ကကုတင်ခေါင်းရင်းမှာမှီပြီး ခေါင်းကိုအနောက်ကနေလက်ဖြင့်ထိန်းထားကာ ရှောင်းကျန့်ကိုစိုက်ကြည့်နေသည်။ ရှောင်းကျန့်ရိပေါ်မျက်နှာကိုမြင်မှာ တကယ်ငိုချမိပြီး မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာတော့သည်။ ခေါင်းကိုအမြန်ငုံ့လိုက်ပြီး တရှုံ့ရှုံ့နဲ့ငိုနေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်လန့်သွားပြီး ကုတင်ပေါ်ကအမြန်ဆင်းကာ ရှောင်းကျန့်နားသွားပြီး ရှောင်းကျန့်ကိုရင်ခွင်ထဲထည့်ကာဖက်ထားလိုက်သည်။

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now