VII

9.5K 956 29
                                    

Unicode

ရိပေါ်တို့ကလဲကလေးတွေ‌ကို သေချာမစောင့်ရှောက်နိုင်၊ ကိုယ့်အလုပ်နဲ့ကိုယ်မို့ ကလေး‌နှစ်ယောက်ကို ရိပေါ်ကိုယ်တိုင်အလှူငွေတွေထည့်ပြီးပံ့ပိုးပေးထားတဲ့ မိဘမဲ့ဂေဟာဆီကိုသာပို့လိုက်ရသည်။ ရှောင်းကျန့်ကလဲ ရိပေါ်ကိုယ်တိုင်စီစဉ်ပေးထားတာမို့ ဘာမှအထွန့်မတက်ပဲလက်ခံလိုက်သည်။

ရှောင်းကျန့် ဒီရောက်နေတာတောင် လေးလလောက်ရှိနေပြီ။ သူငယ်ချင်းတွေကလဲ အသစ်သစ်တွေကိုအမြဲနှစ်သက်တဲ့အရင်ရှောင်းကျန့်ကြောင့် အခုသူ့ကိုလဲ လူလိမ္မာအကျင့်လေးကိုခနသဘောကျနေတာလို့ ထင်နေကြသည်။ သူ့သူငယ်ချင်းတွေက သူ့ကိုအရင်လို ပါတီတွေတက်ဖို့လဲမခေါ်တော့၊ သူကလဲအမြဲလိုလိုငြင်းနေတာကို။

အခု ရှောင်းကျန့်က ရိပေါ်ရဲ့စာကြည့်ခန်းထဲက နိုင်ငံခြားဘာသာပြန်စာအုပ်တွေကိုရှာနေတာ။ အရင်ကတော့ရိပေါ်ကသူ့စာကြည့်ခန်းကိုလူဝင်တာမကြိုက်တာမို့ အခန်းသန့်ရှင်းရေး‌ေတာင်သူကိုယ်တိုင်ပဲလုပ်တယ်၊ အခုတော့ ရှောင်းကျန့်ရဲ့စာအုပ်တွေဖတ်ချင်တယ်ဆိုပြီး အတင်းတောင်းဆိုမှုကြောင့် ရိပေါ်ကရှောင်းကျန့်ကိုတော့ ဝင်ခွင့်ပြုထားသည်။ ရှောင်းကျန့်စာအုပ်စင်တွေထဲက သူစိတ်ဝင်စားလောက်မယ့်စာအုပ်ရှာနေတုန်း အခန်းတံခါးခေါက်သံကြောင့် သူ့တံခါးဖွင့်ပြီးမေးလိုက်သည်။

"အင်း ဘာဖြစ်လို့လဲ"

ရှောင်းကျန့်က ဒီက‌အိမ်စေကလေးမလေးတွေနဲ့လဲရင်းနှီးနေပြီ။ ကြီးတော်မေနဲ့လဲတော်တော်လေးကိုရင်းနှီးလာသည်။ ကြီးတော်မေဆိုရှောင်းကျန့်ကိုချစ်လို့ သူကြိုက်တာတွေအမြဲလုပ်ကျွေးတတ်သေးသည်။ အရင်ကဆိုသူတို့ကပ်တောင်မကပ်ရဲတဲ့သခင်လေးက ခုတော့အိမ်ကလူတိုင်းရဲ့အချစ်‌ခံလေး။

"သခင်လေး သခင်ကြီးဖုန်းဆက်တယ်ရှင့် သခင်လေးကိုခေါ်ပေးပါဆိုလို့"

"အေးအေး အကိုလာခဲ့မယ်"

ရှောင်းကျန့် သူလက်ထဲကစာအုပ်ကို စားပွဲပေါ်တင်ခဲ့လိုက်ပြီး အောက်ထပ်ကိုဆင်းလာလိုက်သည်။

"ဟယ်လို.. အိမ်ကလူပြောလေ"

သူပြန်ဖြေလိုက်ပေမယ့် တစ်ဖက်ကဘာသံမှမထွက်လာတာမို့ ‌ရှောင်းကျန့်စကားထောက်လိုက်သည်။

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now