X

9.2K 973 46
                                    

Unicode

ရိပေါ်နဲ့ရှောင်းကျန့်မနက်စာစားနေရင်း ရှောင်းကျန့်ကကော်ဖီသောက်ကာ ပြောလာသည်။

"အိမ်ကလူ နောက်တစ်ပတ်sunday တစ်နေ့လုံးအားအောင်လုပ်ထားပေးဦးနော်"

"ဘာလို့လဲ"

ရိပေါ်ကလဲစားနေရင်းပြန်မေးတယ်။ ရိပေါ်ကပြန်မေးလာတာကြောင့် ရှောင်းကျန့်က ကော်ဖီခွက်ကိုချလိုက်ပြီး

"ဟင် အိမ်ကလူကိုဟိုတလောကပဲကျွန်တော်ပြောထားတယ်လေ
နောက်တစ်ပတ် ရှင်းရုံရဲ့wedding dayရှိတယ်လေ ကျွန်တော်သွားမှာဆိုတော့ အိမ်ကလူလဲလိုက်ရမှာပေါ့ မနက်wedding day ညပိုင်းပါတီ ဆိုတော့ တစ်နေ့လုံးပဲလေ"

"အာ.. ဟုတ်သား sorry ကျုပ်တကယ်မေ့သွားတယ်
ဟုတ်ပါပြီ အတွင်းရေးမှူးကိုပြောထားလိုက်ပါ့မယ်"

ရှောင်းကျန့်ကရိပေါ်ကိုပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်သည်။ မနက်စာစားပြီးတော့ ရိပေါ်အလုပ်သွားတော့မယ့်အချိန် ရိပေါ်ကရှောင်းကျန့်ဘက်ကိုလှည့်လာပြီး

"ဒီနေ့ဘယ်သွားစရာရှိသေးလဲ"

"ရှင်းရုံဆီသွားရမယ် ဒီနေ့သူwedding dressသွားရွေးကြမှာတဲ့ ကျွန်တော်တို့ကိုပါခေါ်ထားလို့"

ရိပေါ်ကခေါင်းငြိမ့်ပြပြီး

"အင်း သွားတာဘယ်လိုလုပ်မလဲ တစ်ခါထဲလိုက်ခဲ့မလား ဝင်ပို့ပေးခဲ့မယ်လေ"

"ရတယ် ရတယ် မန်ထယ်လာခေါ်ပေးမယ်တဲ့"

ရိပေါ်က အဲတော့မှကားပေါ်တက်ကာထွက်သွားသည်။ ရှောင်းကျန့်လဲ အိမ်ပေါ်တက်ပြင်ဆင်ပြီး မန်ထယ်လာခေါ်မှာကိုထိုင်စောင့်နေလိုက်တယ်။ နောက်နာရီဝက်လောက်အကြာမှာမန်ထယ်ရောက်လာတယ်။ မန်ထယ်ကခြံထဲမှာကားကိုရပ်လိုက်ပြီး ကားပြင်ထွက်ကာ ကားကိုမှီပြီးရပ်စောင့်မလို့ပြင်ချိန် အိမ်စေကောင်မလေးတစ်ယောက်ထွက်လာပြီး

"မန်သခင်လေးပါလားရှင့်"

မန်ထယ်ကခေါင်းငြိမ့်ပြလိုက်တော့ ကောင်မလေးက

"အထဲကိုကြွပါ သခင်လေးက မန်သခင်လေးကိုဧည့်ခန်းထဲမှာစောင့်နေပါတယ်"

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Kde žijí příběhy. Začni objevovat