Extra (U)

9.6K 526 88
                                    

ရှောင်းကျန့်ဆိုဖာပေါ်ထိုင်ကာ အဝတ်တွေထိုင်ခေါက်နေရတယ်။ ဒီအဝတ်တွေကလဲ သူဟိုတစ်နေ့ကမှခေါက်ထားတာ၊ အခုပြန်ခေါက်နေရတာတော့ တခြားသူကြောင့်မဟုတ် သူ့အိမ်ဦးနတ်ကြီးကြောင့်သာ။ ဘယ်ဘဝရောက်ရောက် ထိုလူရဲ့အဲအကျင့်ကတော့ ဘယ်တော့မှပျောက်မှာမဟုတ်။ ဗီရိုထဲကခေါက်ပြီးသား အဝတ်တွေကိုမဖွဖို့ ဘယ်လိုပြောပြောမရ။ ရှောင်းကျန့်ဆူပုတ်ပုတ်နဲ့ အဝတ်ခေါက်‌ေနတုန်း ထိုလူကရေချိုးခန်းထဲကနေ ခေါင်းပေါ်တဘတ်တင်ကာ ခါးမှာတဘတ်ပတ်ပတ်ပြီး ထွက်လာတယ်။ ရှောင်းကျန့်ရှေ့မှာလာရပ်တော့ ရှောင်းကျန့်ကမော့ကိုမကြည့်၊ ခုနကမှ အဝတ်ကိစ္စနဲ့ပြသနာတက်ပြီး စိတ်ကောက်နေတာကို သူ့ကိုခေါ်စရာလား။

“အသက်...ဘာတွေလုပ်နေတာလဲ”

“ဘာလုပ်နေလဲ ခဗျားမမြင်ဘူးလား”

“အသက်ကလဲကွာ ကျွန်တော်တောင်းပန်ပါတယ်ဆိုဗျာ နောက်မလုပ်တော့ပါဘူးဆို”

“ခဗျားအဲလိုပြောနေတာ ဘယ်နှခါရှိပြီလဲ လစ်တာနဲ့ဖွပစ်နေတာ ကိုယ့်ဘာသာမလုပ်နဲ့လုပ်ပေးပါမယ်ဆိုနေမှ ပြောစကားကိုနားမထောင်ဘူး”

“အသက်ပင်ပန်းမှာဆိုးလို့လေ”

“အင်္ကျီလေးထုတ်ပေးရတာ ဘာပင်ပန်းလို့လဲ ခဗျားအဲလိုလုပ်မှ ကျွန်တော်ပိုပင်ပန်းတာ”

“ဟုတ်ပါပြီ ကျွန်တော်တောင်းပန်ပါတယ် အခုတော့ခေါင်းလေးသုတ်ပေးနော် အသက်ကလိမ္မာပါတယ်ကွာ စိတ်မဆိုးပါနဲ့တော့”

ရှောင်းကျန့် ရိပေါ်ကိုမျက်စောင်းထိုးလိုက်တော့ ရိပေါ်ကရယ်ကာ ဆိုဖာအောက် ရှောင်းကျန့်နဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်ပြီး သူ့မျက်နှာကိုရှောင်းကျန့်ဗိုက်မှာကပ်ထားလိုက်သည်။ ရှောင်းကျန့်ကလဲ စိတ်ဆိုးနေရင်းပြုံးမိလိုက်ပါသေးတယ်။

ရိပေါ်ကအရင်လိုမဟုတ်တော့ပဲ ချွဲတတ်လာတယ်။ ဒီဘဝမှာတော့ ရိပေါ်ကရှောင်းကျန့်ထက် သုံးနှစ်ငယ်သည်။ ရှောင်းကျန့်ကတော့ အရင်အကြောင်းတွေကို မှတ်မိနေတာမို့ သူပုံမှန်ခေါ်နေကြ သုံးနှုန်းနေကြအတိုင်းပဲပြောဆိုပေမယ့် ရိပေါ်ကတော့ အရင်လိုသူ့ကိုယ်သူ‘ကျုပ်’လို့မသုံးနှုန်းတော့ပဲ ‘ကျွန်တော်’လို့သာပြောတော့သည်။ ဒါ့အပြင်ရိပေါ်က သူ့ရဲ့အရင်ဘဝအကြောင်း ဘာတစ်ခုမှမမှတ်မိတော့။ ရှောင်းကျန့်အစကတော့ စိတ်မကောင်းဖြစ်ပေမယ့် အဲဒါကဖြစ်နေကြကိစ္စပဲမို့ ရှောင်းကျန့်သူ့ဘာသာစိတ်ဖြေရတယ်။ ဘာပဲဖြစ်ဖြစ်ရိပေါ်က အခုလဲ သူ့ကိုတုန်နေအောင်ချစ်တာပဲလေ။ ထူးထူးခြားခြားပြောင်းလဲသွားတာတော့မရှိ။

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now