XXI

5.8K 644 40
                                    

Unicode

အပြန်လမ်းတစ်လျောက် ရှောင်းကျန့်ကရိပေါ်ရင်ခွင်ထဲမှီကာ အပြင်ကိုကြည့်နေသည်။ တစ်လမ်းလုံးမိုးအုပ်မှိုင်းလာပြီးမှာ မေဘယ်ပင်လမ်းကိုရောက်တဲ့အချိန်မှာ မိုးရွာချလာတော့သည်။ အစကတော့ လေနဲ့အတူမိုးဖွားလေးတွေပဲကျနေပေမယ့် အိမ်နားရောက်ဖို့အနည်းငယ်သာလှမ်းတော့တဲ့အချိန်မှာ မိုးသည်းထန်စွာရွာလာသည်။ မိုးချိုမ်းသံတွေကြောင့် ရှောင်းကျန့်ကလန့်လန့်သွားတော့ ရိပေါ်ကရှောင်းကျန့်ကိုတင်းနေအောင်ဖက်ထားပေးသည်။ ရှောင်းကျန့်အပြင်ကရွာသွန်းနေတဲ့မိုးရေတွေကိုကြည့်ပြီး တစ်ခုခုကိုတွေးမိသွားတယ်။ အဲဒါကိုရိပေါ်နဲ့အတူလုပ်ချင်တယ်။ ရှောင်းကျန့်ကယန်ယန်ကို ကားရပ်ခိုင်းလိုက်တော့ ရိပေါ်ကမေးလာသည်။

"ဘာလို့လဲအသက်ရဲ့ ဘာဖြစ်လို့လဲ"

ရှောင်းကျန့်ရိပေါ်မျက်နှာလေးကိုကြည့်ပြီး

"အိမ်ကလူ ကျွန်တော်နဲ့တူတူမိုးရေထဲလမ်းလျောက်ကြရအောင်"

ရှောင်းကျန့်စကားကြောင့် ရိပေါ်အံ့ဩသွားသည်။

"အသက် မိုးရေထဲလမ်းလျောက်လို့ဖျားရင်ဘယ်လိုလုပ်မလဲ မလျောက်နဲ့နော် အိမ်ရောက်ဖို့ကို လမ်းလျောက်မယ်ဆိုရင်ကြာဦးမှာ နော်"

ရိပေါ်ကချော့ပြောနေပေမယ့် ရှောင်းကျန့်ကနှုတ်ခမ်းလေးဆူကာ ခေါင်းခါပြပြီး

"ဟင့်အင်း သွားမယ် မလိုက်ချင်လဲ ကိုယ့်ဘာသာပဲသွားတော့မယ်"

ရှောင်းကျန့်ကစိတ်မြန်စွာပဲ ကားတံခါးကိုဖွင့်မလို့လက်လှမ်းနေတော့ ရိပေါ်လက်ကိုအမြန်ဆွဲပြီးတားကာ

"အသက်ရာ.. ဟုတ်ပြီဟုတ်ပြီ လျောက်ကြမယ်
ယန်ယန်သွားနှင့်တော့ အိမ်ကကောင်မလေးတွေကို ရေချိုးဖို့ရေနွေးအဆင်သင့်စပ်ထားပေးဖို့ပြောလိုက်"

"ဟုတ်ကဲ့သခင်ကြီး"

ရိပေါ်နဲ့ရှောင်းကျန့်ကားထဲကအပြင်ကိုထွက်လိုက်တာနဲ့ သူတို့ရဲ့ခန္ဓာကိုယ်ပေါ်အပြေးအလွှားရောက်လာတဲ့ မိုးရေစက်များကြောင့် တစ်ခနအတွင်းရွဲစိုကုန်သည်။ ရိပေါ်ကားတံခါးကိုပြန်ပိတ်ပေးလိုက်ပြီး ယန်ယန်ကိုလက်ပြလိုက်တော့ ယန်ယန်ကကားလေးကိုမောင်းထွက်သွားတော့သည်။

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now