VIII

10K 927 48
                                    

Unicode

ရိပေါ်ဒီမနက်နိုးတော့ ရှောင်းကျန့်ကိုမတွေ့တာနဲ့အခန်းပတ်ဝန်းကျင်ကိုလျောက်ကြည့်‌မိတယ်။ တစ်ခန်းလုံးဘယ်မှာမှမတွေ့တာမို့ ‌ဗိုက်ဆာလို့အောက်ဆင်းသွားတာဖြစ်မယ်လို့တွေးလိုက်ပြီး ရေချိုး အဝတ်အစားလဲပြင်ဆင်ကာ အောက်ထပ်ကိုဆင်းလာလိုက်သည်။ အိမ်အောက်ထပ်ရောက်တော့ ရိပေါ်ထမင်းစားခန်းထဲဝင်လိုက်ချိန် ရှောင်းကျန့်ကိုတွေ့လိုက်ပါပြီ။ ကြီးတော်မေကိုမနက်စာဝိုင်းပြင်ဆင်ပေးပြီး မနက်စာနဲ့ပန်းကန်တွေကို စားပွဲပေါ်နေရာချပေးနေသည်။ ရှောင်းကျန့်ကရိပေါ်ကိုမြင်တာနဲ့

"‌အော် အိမ်ကလူ နိုးလာပြီလား လာထိုင်လေ"

ရိပေါ်ကရပ်ကြည့်နေတာမို့ ရှောင်းကျန့်ကပဲခေါ်လိုက်သည်။ ရိပေါ်ကသူ့နေရာဖြစ်တဲ့စားပွဲရဲ့‌ထိပ်မှာဝင်ထိုင်ပြီးတာနဲ့ ရှောင်းကျန့်လဲသူ့‌နေရာစားပွဲရဲ့‌ရှေ့ဆုံးမှာဝင်ထိုင်လိုက်တော့တယ်။

ရိပေါ်ကရပ်ကြည့်နေတာမို့ ရှောင်းကျန့်ကပဲခေါ်လိုက်သည်။ ရိပေါ်ကသူ့နေရာဖြစ်တဲ့စားပွဲရဲ့‌ထိပ်မှာဝင်ထိုင်ပြီးတာနဲ့ ရှောင်းကျန့်လဲသူ့‌နေရာစားပွဲရဲ့‌ရှေ့ဆုံးမှာဝင်ထိုင်လိုက်တော့တယ်။

اوووه! هذه الصورة لا تتبع إرشادات المحتوى الخاصة بنا. لمتابعة النشر، يرجى إزالتها أو تحميل صورة أخرى.

(ထိုင်တဲ့နေရာကိုရေးထားတာမျက်စိ‌ရှုပ်မှာဆိုးလို့ ပုံဆွဲပြလိုက်တာပါ🥲)

နောက်တော့ ကြီးတော်မေက ‌ရှောင်းကျန့်တို့ရှေ့က‌မှောက်ထားတဲ့ကော်ဖီခွက်ကို ပက်လက်လှန်ပြီး ကော်ဖီထည့်ပေးသည်။ ရှောင်းကျန့်ကကြီးတော်မေသူ့ကိုကော်ဖီထည့်ပေးပြီးသွားတော့ ကြီးတော်မေကို‌သွားလေးပေါ်အောင်ရယ်ပြလိုက်ပြီး

"ကျေးဇူးကြီးတော်မေ"

ရှောင်းကျန့်ရဲ့ချစ်စရာကောင်းတဲ့အပြုအမူကိုဘယ်သူမှမချစ်ပဲနေနိုင်မှာမဟုတ်။ ကြီးတော်မေကအသဲယားပြီး ရှောင်းကျန့်ပါးလေးကိုလက်ဝါးနဲ့အုပ်ကိုင်ကာပွတ်သွားသည်။ ရှောင်းကျန့်က‌သူ့ရှေ့ကကိတ်မုန့်ကိုလှမ်းယူပြီး စားနေတုန်း ရိပေါ်ကမေးလာတယ်။

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်حيث تعيش القصص. اكتشف الآن