လမ်းအသွယ်သွယ် တောင်အထပ်ထပ် အိမ်မျိုးစုံ
လမ်းအကွေ့အကောက်များစွာနဲ့ ခရီးသည် တင်ကားလေးတစီးက ကျန်ခဲ့တဲ့မြို့များကို နှုတ်ဆက်ပြီး သက်ဆိုင်ရာခရီးသို့ထွက်ခွာနေရင်း...အော် မိတ်ဆက်ဖို့မေ့နေတာပဲ ကျွန်မနာမည်က ရှိန်းရည်မွန်သက်ပါ နည်းနည်းတော့ခေါ်ရခက်တယ်မလား အမေပေးခဲ့တာလေ မမွေးခင်ထဲက ဒီနာမည်ပေးဖို့စဉ်းစားထားတယ်လို့အဖေပြောဖူးတယ် အမေကတဦးထဲသောသမီးမို့လို့ ကျွန်မကိုအရမ်းချစ်တယ် အခုခရီးကိုတောင်မလွှတ်ချင်ဘူး ဒါပေမဲ့အဖေကူပြောပေးတာကြောင့်ရယ် ဆွဲထားလို့မဖြစ်တဲ့အခြေအနေကြောင့်ရယ် အကြောင်းတွေကြောင့် လွှတ်ခဲ့တာပေါ့
ပြောရင်းနဲ့အမေ့အကြောင်းရောက်သွားပြီ ကဲ ပြန်ဆက်လိုက်ရအောင် သူငယ်ချင်းတော်တော်များကတော့ ရှိန်းလို့ခေါ်ကြတယ် အဲ့နာမည်လေးတကယ်ကြိုက်တယ် ရည်မွန် ဆိုတဲ့နာမည်ကိုတော့ မခေါ်ဖို့ ပြောထားတယ် မကြိုက်လို့လေ သက် .. သက်ကတော့ ဘယ်သူမှမခေါ်ဖူးတဲ့နာမည်ပဲ
ဘာအလုပ်လုပ်လဲဆိုတော့ အပေါ်မှာပြောခဲ့သလိုပဲ သူနာပြုလေးပေါ့ သူငယ်ချင်း 2ယောက်လည်းပါလာတာဆိုတော့ အဖော်ကတော့ပြည့်စုံတယ် သူများမြို့မှာဆိုတော့ အဖော်တယောက်မဟုတ်တယောက်ကတော့ရှိမှဖြစ်မယ်မလား မဟုတ်ရင်ကြောင်တောင်တောင်ဖြစ်နေဦးမှာလေ
သူငယ်ချင်းနှစ်ယောက်ကလည်း၁၀တန်းပြီးထဲက တက္ကသိုလ်အတူတူတတ်ခဲ့ကြပြီး ကိုယ့်အကြောင်းသူသိ သူ့အကြောင်းကိုယ်သိနေတဲ့ အတွင်းသိအဆင်းသိတွေ ဟိုအချောလေးဆိုလည်းအတူတူဗူးထလိုက်တာပဲ ဒီတယောက်ကိုအမြင်ကပ်တယ်ဆိုအတူတူအမြင်ကပ်လိုက်တာပဲအဲ့လောက်ထိကိုစည်းလုံးကြတဲ့သူငယ်ချင်းတွေပါ
.....
"ဟဲ့.. ဘာတွေစဉ်းစားနေတာလဲ ထမင်းစားရပ်ပြီသွားစားရအောင် "
"အေးပါ နေခြည်ရယ် ဘာမှမဟုတ်ဘူး အတိတ်အကြောင်းတွေတွေးနေလို့ ဟီးးး"
"စလာပြီဟေ့ ငါတို့ အတွေးမင်းသမီးကြီး မူဆယ်ဆောင်းနဲ့အတွေးမင်းသမီးနဲ့တွေ့တော့မယ်ကွာ "
"အယ် နင်ကလည်း ငါကအဲ့လောက်ကြီးမဟုတ်ပါဘူး "
"အမယ် ယုံတယ်ယုံတယ် နှုတ်က ကျတာလာတဲ့စကားလုံးမှန်သမျှက ကဗျာတပုဒ် စာတပုဒ်ဖြစ်သွားတဲ့ သူကများ "
"နင်တို့ကလေ ငါ့ဆိုနောက်ဖို့ပဲ..သွားးစားရအောင် "
"ရှိန်း မူဆယ်ရောက်ဖို့သိပ်မလိုတော့ဘူးကြားတယ် ငါတို့လည်းဒီဘက်ကိုအခုမှရောက်ဖူးတာဆိုတော့ ..."
"အချိန်တန်ရင်ရောက်သွားလိမ့်မယ်ကွာ ဘာတွေတွေးပူနေတာလဲ မူဆယ်မြို့ကြီးက ရွေ့မသွားပါဘူးဟဲ့ ..."
"နင်ကလေ တခုခုဆိုစိတ်အေးအေးပဲနော် မပူတတ်ဘူး ကောင်းတယ် ကောင်းတယ် "
"မပူတာတော့ဘယ်ဟုတ်မလဲ မေဦးရဲ့ အပူမရှိအောင်နေရတာပေါ့ တော်ကြာ မူဆယ်ဆောင်းနဲ့ငါ့အပူနဲ့တွေ့ပြီး ငါအပူရှပ်နေဦးမယ် ဟိဟိ"
"နင်ဟာလေ ပြောနေရင်းနဲ့ကို နောက်တာ .. တကယ်ပဲ..."
"ကဲ စားပြီးသောက်ပြီးရင် ကျွန်တော်တို့ကားလေးထွက်ပါတော့မယ် သက်ဆိုင်ရာခရီးသည်များ ကားပေါ်တတ်ကြပါ "
ကားကလည်းတရွေ့ရွေ့မောင်းရင်းမောင်းရင်း
"မူဆယ် မြို့မှကြိုဆိုပါ၏"
ဆိုတဲ့ဆိုင်းပုဒ်လေး အော် တကယ်ရောက်လာခဲ့ပြီတကယ်တမ်း ပြောရရင် ဒီခရီးက အသက် ၂၅နှစ်အတွင်းမှာ မိဘတွေမပါဘဲသွားတဲ့ ပထမဆုံးခရီး
သိတယ်မလား တဦးထဲသောသမီးဆို ဘယ်လောက်ချုပ်ချယ်လဲဆိုတာ ..."ဟဲ့ ငါတို့ကို ဆေးရုံကလာကြိုမယ်ဆို..."
"ဟုတ်တယ် ငါဖုန်းဆက်တော့ ဆရာမကြီးကအဲ့လိုပြောတယ် "
"အခုထိလည်းမလာသေးဘူး ငါအိပ်ယာပေါ်ပစ်လှဲချချင်နေပြီဟ."
"စပြီစပြီ ငပျင်းရောဂါ ငါ့သာပြောတာနော် မူဆယ်ဆောင်းနဲ့နင်အပျင်းတတ်ပုံမျိုးနဲ့ဆို မလွယ်ဘူး နေခြည်မ"
သူတို့စကားပြောနေသည်များကို အာရုံမနောက်နိုင်သူမှာ မေဦး
"ဟဲ့ ဘာကြောင်နေတာလဲ အဆင်လေးတွေ့ပြန်ပြီလား"
"ရှမ်းချောလေးဆိုတယောက်လောက် အပိုင်ဖမ်းလိုက်အေ အဲ့တာမှ ရှမ်းပြည်လာလည်ရင် နှိပ်စက်ဖို့ သူငယ်ချင်းရှိမှာ ဟိဟိ "
"နင်တို့ကလည်းငါ့ဆိုပြောဖို့ပဲ .. ဟိုမှာကြည့်ဦး "