အပိုင်း ၆

2.7K 298 3
                                    

"ဟဲ့ နင်မိုက်တယ်နော် ဟိဟိ ဒီလိုပုံစံလေးတောင်မတွေ့တာတော်တော်ကြာပြီ "

ပြသနာဖြေရှင်းပြီးတော့ သုံးယောက်သား ဈေးထဲ လှည့်ပတ်လျောက်နေရင်း

"ဘာလဲ ဒီလို လူဆိုးပုံစံကိုလား မေဦး"

"မဟုတ်ပါဘူး နင်ခုနကပုံစံကလေရုပ်ရှင်ထဲကလို ဒုက္ခရောက်တော့မဲ့မင်းသမီးကိုဝင်ကယ်တဲ့မင်းသားလိုပဲ ဟိ "

"အချင်းချင်းကပ်မြှောက်နေပြန်ပြီ ပြော ဘာစားချင်လို့လဲ "

"အဲ ဟို ဟိုနားက ရှမ်းခေါက်ဆွဲ "

"ဟားဟား ငါသိသားပဲ နင့်အ‌ကြောင်း လာသွားစားမယ် ရှမ်းပြည်ရောက်မှတော့ ရှမ်းခေါက်ဆွဲစစ်စစ်စားရမှာပေါ့"

သုံး‌ယောက်သားစကားတပြောပြောနဲ့ရယ်မောရင်း ရှမ်းခေါက်ဆွဲဆိုင်သို့ဦးတည်နေသည်

"ဟဲ့ စားကောင်းတယ်ဟဲ့ ရန်ကုန်က ဟာနဲ့မတူဘူးနော် ဒါလေးကစီးစီးလေး အန်တီရေနောက်တပွဲ"

ပြောရင်း နောက်တပွဲထပ်မှာနေသူမှာ မေဦး  သူကအဲ့လိုပဲအစားသန်သလိုအအိပ်လည်းသန်သည်

"နင်ကလည်း ဒီတပွဲတောင်မကုန်သေးဘူး လောဘကြီးလိုက်တာ "

"အခုချိန်မှာမှအတော်ဘဲဟဲ့ ဟိုမှာကြည့်ပါလားနောက်လူတွေဆက်တိုက်ရောက်လာတာ ကြားထဲမှာပြတ်သွားရင်လေခံသွားလိမ့်မယ် ဟဲဟဲ"

မေဦးပြောသည်မှာလည်းဟုတ်သည် ဆိုင်ရှင်အဒေါ်ကြီးလက်တောင်မလည် ခေါက်ဆွဲကိုပြုတ်ရသည်ကတမျိုး အနှစ်နဲ့နယ်ရသည်ကမျိုး ဘေးနားကအကူ၃ယောက်လည်း ဟင်းချိုထည့်ပေးတဲ့လူနဲ့ အိတ်ထဲထည့်ရတာနဲ့ စားပွဲတွေလိုကြည့်နေရတာနဲ့မအား ဆိုင်လေးကသေးပေမဲ့တော်တော်သန့်သည် ရောင်းတဲ့သူတွေကလည်းလက်အိတ်ခေါင်းစွပ်အပြည့်နှင့်

"နေခြည် နင်သိပ်မစားပါလား မကြိုက်လို့လား"

"ကြိုက်ပါတယ်ရှိန်းရဲ့ အစားကောင်းစားနေတဲ့အချိန်မှာကိုယ်ချစ်တဲ့သူကိုသတိရတတ်တယ်တဲ့"

"အော်.... နင့်ဘဲကြီးကိုလွမ်းနေတာကို ငါတော့မလွမ်းဖူးတော့ကိုယ်ချင်းမစာတတ်ဘူး ဟိ "

ငယ်သူမို့ (completed)Where stories live. Discover now