အပိုင်း ၃

3K 324 5
                                    

"ဘာလဲဟယ် ..အဆင်လည်းမ‌တွေ့ချင်ဘူး  မဆင်တာလဲမသိချင်ဘူး ‌အခုထိလာမခေါ်လို့ စိတ်ညစ်ရတဲ့အထဲ.."

ခရီးဆောင်အိတ်များကို တခုချင်းစစ်နေရင်း သူ့ကိုလှည့်မကြည့်ဘဲပြောနေတဲ့ ရှိန်း

"ဟဲ့ ရှိန်း .."

"လာပြန်‌ပြီနောက်တယောက် ကဲ ဘာလဲဟဲ့ ဘာလဲ "

မေဦးမေးငေါ့ပြတဲ့နေရာကိုကြည့်လိုက်တော့ ကျက်သရေရှိရှိ ပန်းဆီရောင် အဖြူပွင့်ပါတဲ့
ရင်ဖုံးလက်ရှည်အကျီနဲ့ထဘီဝမ်းဆက်ကိုခန္တာကိုယ်နဲ့လိုက်ဖက်ညီစွာဝတ်ထားတဲ့အမျိုးသမီး ရှိန်းကမိန်းကလေးဖြစ်ပေမဲ့ ပန်းဆီရောင်ကိုမနှစ်သက် သို့ပေမဲ့ ဒီအမျိုးသမီးနဲ့ကအတော်လေးကိုကြည့်ကောင်းတယ်
ကားလမ်းကူးရန်ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ အဖိူးအိုတယောက်ကို လက်တွဲပြီးစိတ်ရှည်စွာ လမ်းကူးပေးနေတဲ့အမျိူးသမီး
အဖိုးရဲ့ ပစ္စည်းတွေကိုနောက်တခေါက်လမ်းကူးပြီးပို့နေတဲ့အမျိုးသမီး
ခါးလေးလှုပ်ရင်း ခြေလှမ်းမှန်မှန်လျောက်ရင်း နေရောင်အောက်မှာ ပိတုန်းရောင်ဆံနွယ်တွေက မြင်သူတိုင်းလည်ပြန်ကြည့်ရလောက်အောင်ကိုလှပလွန်းတယ်

"ကောင်မ ပြောတော့မကြည့်ဘူးတဲ့ .."

မျက်တောင်တချက်မှမခပ်ဘဲ ထိုအမျိုးသမီးရဲ့လှုပ်ရှားပုံမှန်သမျှကို ကြည့်နေသော ရှိန်း

"အဲ မဟုတ်ပါဘူးဟယ် နင်ပြချင်တာအဲ့တာလား စိတ်ဝင်စားဖို့လည်းမကောင်းဘူး "

"အမလေးလူကြားကောင်းအောင်အော်ပြန်ပြီ နင်ဘာစိတ်ဝင်စားတယ်ဆိုတာ ငါတို့က အကုန်သိတယ်ဆိုတာမမေ့နဲ့ ကောင်မရေ"

ရှိန်း အသက် ၂၅ နှစ် ရည်းစားတယောက်မှမထားဖူးခဲ့ဘူး မထားတာထက်မကြိုက်ခဲ့တာပါ သူ့ကိုပိုးပန်းတဲ့လူတွေအများကြီးရှိပါတယ် ဒါပေမဲ့တယောက်မှစိတ်မဝင်စားခဲ့ပါဘူး

တချို့မိန်းကလေး‌တွေက သူတို့ထက်ပိုချောတဲ့ပို
သာတဲ့ မိန်းကလေးတွေ့ရင်မနာလိုဖြစ်ကြတယ်တဲ့
ကျွန်မကတော့အဲ့လိုမဟုတ်ဘူး ကိုယ့်ရှေ့မှာ မိန်းကလေးလှလှတယောက်ဖြတ်သွားရင်တောင် အစအဆုံးလိုက်ကြည့်ပြီးချီးမွမ်းတဲ့သူပါ
ဟုတ်တယ် ကျွန်မက lesbian ပေါ့
မိန်းကလေးဆန်ဆန်ပဲနေတတ်တာမို့လို့ကျွန်မကို les လို့ဘယ်သူမှမထင်ပါဘူး သူငယ်ချင်းတွေကလွဲလို့ပေါ့

ငယ်သူမို့ (completed)Where stories live. Discover now