တကယ်ဆိုရင်ကိုယ်ကလည်းချစ်မိနေပြီ.... ဖွင့်ဟလို့အပြောခက်သည် ... ....🎵
ညစာစားပြီးတော့ သမီးကြီးနန်းမှုံက bluetooth နဲ့ချိတ်ပြီးဖွင့်ထားတဲ့သီချင်းသံလေး ဘာမဆိုင်ညာမဆိုင် ကလေးမ ကိုတောင် မြင်ယောင်မိသည်
ငဲ့စရာထောက်ထားစရာမျက်နှာတွေ အသိုင်းအဝိုင်း ပတ်ဝန်းကျင်တွေနဲ့ဆန့်ကျင်ပြီးဒီကလေးမကို စိတ်ရှိလက်ရှိသာချစ်ပစ်လိုက်ချင်သည်
ဒါနဲ့ ညကျဖုန်းခေါ်မယ်လို့ပြောထားတယ်မလား ၉နာရီတောင်ထိုးပြီ အခုထိဖုန်းမလာသေးဘူး အို ငါကစောင့်နေတာမှမဟုတ်တာ
".........."
အတွေးတောင်မဆုံးသေး ဖုန်းကမြည်လာသည် contact name က "အသက်" တဲ့
"ဟယ်လို...."
"ဟယ်လို ဒေါ်နန်းခင်ထားမောင်လားရှင့်... "
"ဟုတ်တယ် ..."
"အဲ့တာဆို ဖုန်းမှားသွားလို့ရှင့် တောင်းပန်ပါတယ် ချလိုက်တော့မယ် နော် "
ကဲ ဒီကလေးမ နောက်နေသေးတယ်
"ဟင်... ချချ ဘယ်တော့မှမဆက်နဲ့ သွားသွား"
"စတာ စတာ ချစ်လို့စတာ အန်တီရယ် မချလိုက်နဲ့နော် "
"............"
" အန်တီလို့ ....."
"ဘာလဲ "
"ဖြေးဖြေးထူးပါ အန်တီရယ် သမီးကအသည်းငယ်တယ် သမီးရဲ့အသည်းလေးကလေအန်တီ့ကိုချစ်ဖို့ပဲတတ်နိုင်တာ "
" ပိုပြီ အပိုစကားတွေသိပ်ပြော ...."
"ဟဲဟဲ မပိုပါဘူး အန်တီရယ် ထမင်းစားပြီးပြီလား"
"မမေးခင်အချိန်ပြန်ကြည့်ဦး ကလေးမ နောက်နေ့တောင်ကူးတော့မယ် "
"အဲ ဟုတ်သား အဲ့တာဆိုအဖြေပေးတော့..."
"ရုတ်တရက်ကြီး..."
"ရုတ်တရက်ကြီးမဟုတ်ဘူးလေ နေခင်းထဲကပြောထားတာကို မသိချင်ယောင်ဆောင်နေပြန်ပြီ ဖုန်းထဲကနေ ဖက်နမ်းလိုက်ရ..."
"ဟင်းး ဟင်းးး သတ္တိတွေအရမ်းရှိနေတယ်ပေါ့"
"ရှိတယ် အများကြီးပဲ အန်တီ့အတွက်သီးသန့် "