အပိုင်း ၉

2.5K 267 2
                                    

"သမီး နန်းမှုံ ဈေးရောင်းရတာအဆင်ပြေရဲ့လား "

ဒေါ်နန်းခင်ထားမောင် ဆေးရုံမှပြန်ရောက်လာတော့ အိမ်မှုကိစ္စလုပ်နေတဲ့သမီးအကြီး နန်းမှုံကိုလှမ်းပြောလိုက်သည်

နန်းမှုံက ၁၀တန်းကို ဂုဏ်ထူး၅ခု နဲ့ ထူးထူးချွန်ချွန်အောင်မြင်ထားသည် ကျောင်းတတ်ဖို့‌စောင့်နေတုန်း အဘိုးရဲ့ ဆိုင်မှာ ဈေးကူရောင်းပေးနေတာပေါ့ သူလည်းအမေ့လိုပင် ဆရာဝန်မကြီး ဖြစ်ချင်တယ်တဲ့

အငယ်လေးက နန်းသူ တဲ့ သူကတော့ ကျောင်းတတ်နေတုန်း မန္တလေးကကိုယ်ပိုင်အထက်တန်းကျောင်းတခုကိုပို့ထားတယ် ဒီမှာဆို သူလည်းမထိန်းနိုင်ဘူးလေ သမီးကြီးကလည်းအလုပ်နဲ့ဆိုတော့ ကြည့်နိုင်မှာမဟုတ်ဘူး သမီး နှစ်ယောက်လုံးက ကပြားလေးတွေ ချစ်စရာအလွန်ကောင်းပေါ့

"ပြေပါတယ် အမေ ဟိုနေ့ကတောင် လူတယောက်နဲ့ပြသနာတတ်တော့မလို့ အမတယောက် ဝင်ရှင်းပေးလို့လေ "

"သမီးရယ် အတတ်နိုင်ဆုံးပြသနာမဖြစ်အောင်နေနော် ကိုယ်ကမိန်းကလေး အဲ့ကလေးမကိုရော ကျေးဇူးတင်စကားကောင်းကောင်းပြောလိုက်သေးလား "

"ပြောလိုက်တယ် အမေ သမီးအိမ်ပြန်တော့ သူတို့ရှမ်းခေါက်ဆွဲစားနေတာတွေ့တာနဲ့ မသိအောင် သမီးရှင်းပေးလိုက်တယ် "

"ကောင်းတာပေါ့ကွယ် ကျေးဇူးသိတတ်တာက
မဂ်လာတပါးပဲ"

"အော် အမေ့ နေ့ခင်းက နောင့် ဖုန်းဆက်သေးတယ် စာမေးပွဲတွေဖြေ‌ရတော့မယ်တဲ့ အကောင်းဆုံးကြိုးစားနေပါတယ် တဲ့ အမေ "

"အေးကွယ် အမေလည်း သမီးငယ်လေးဆီသွားပြီးမကြည့်နိုင်သေးဘူး နောက်တပတ်တော့ သွားဖြစ်အောင်သွားမှဖြစ်မယ် စာမေးပွဲပြီးရင် မေမေလိုက်သွားလိုက်ဦးမယ် သမီးကြီး "

....

"ဟဲ့ နေ့ခင်းတုန်းက ဆရာမကြီးနဲ့ဘာတွေပြောနေတာလဲ ငါတို့တောင်တတ်လာသေးတယ် နင်နဲ့ ပြောနေတာတွေ့လို့ အသာလေးပြန်ဆင်းသွားတာ "

မနက်ဖြန်ဝတ်မဲ့ အကျီများကို မီးပူတိုက်နေရင်း နေခြည်လှမ်းပြောလိုက်သည် မေဦးကြည့်လိုက်တော့လည်း ကုတင်ပေါ်မှာ ဖတ်လက်စ စာအုပ်ကိုဘေးချလိုက်ရင်း မေးငေါ့ပြလျက်  "ပြောပါဦး " ဆိုတဲ့သဘောပင် 

"ဒီလိုပါပဲ သူမေးတာကိုယ်ဖြေ ကိုယ်မေးတာသူဖြေပေါ့ "

"အမလေး ပဟေဠိဆန်နေလိုက်တာဟယ် ပြောစရာရှိတာမပြောဘူး "

မီးပူတိုက်နေရင်း အဝတ်တထည်အား ရှိန်းဆီပစ်ပေါက်လိုက်ရင်း

"ဟဲ့ ငါတို့ပြောတာ အဲ့တာအကုန်ပဲလေ ထူးထူးခြားခြားပြောရမဲ့ဟာမရှိပါဘူးဆို နင်တို့ကလည်း မယုံရင် နောက်တခါငါတို့ ဆုံရင် ချောင်းနားထောင်နေလိုက် ဟွန်း ငါရေချိုးတော့မယ် "

ဆူငေါက်ပြောဆိုရင်း ရေချိုးခန်းထဲဝင်သွားတော့သည်

"🎶အမြင်တွေကြာလာတော့ အကြည့်ချင်းဆုံ မျက်လုံးချင်းစကားပြောတတ်လာတယ်🎶 အချိန်တန်ရင်လေ မြေပြန့်ကို🎶 ပြန်ရမဲ့ ခရီးသွားဧည့်သည်မို့🎶 တစ်ရွာသားရည်းစားထားရင်လေ ပုဝါပါပါးလေးလဲစွန်းမှာ စိုးတယ်🎶  "

ရေချိုးခန်းထဲမှာ အော်ဟစ်နေသောအသံကြောင့် နေခြည်နဲ့မေဦး မတိုင်ပင်ပဲ တယောက်နဲ့တယောက်ကြည့်လိုက်မိသည်

"ဟဲ့ ရေချိုးခန်းထဲက မြေပြန့်သူလေးရေ မြန်မြန်ချိုးဦး တော်ကြာ မြေပြန့်ကိုမပြန်လိုက်ရဘဲ ဒီမှာ‌လေဖြတ်ပြီးသေနေဦးမယ် "

ရေချိူးခန်းအပြင်မှာ ‌ပြော‌ဆိုနေတဲ့ မေဦးကိုပင်စိတ်မဆိုးနိုင် နေ့ခင်းက အန်တီနဲ့ စကားပြောခဲ့တဲ့ အချိန်တွေကိုပြန်စဉ်းစားရင်းကြည်နူးနေရင်းးး

ငယ်သူမို့ (completed)Waar verhalen tot leven komen. Ontdek het nu